ထားဝယ်မှ ကားများ မီးသတ်ဌာန ဖုန်းနံပါတ်ပါ စတစ်ကာများ အလုအယက်တပ်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ထားဝယ်မြို့ပေါ်တွင် မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်ရေးသားထားသည့် စတစ်ကာ ကပ်မထားသည့် ယာဉ်များကို ဒဏ်ငွေရိုက်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် မြို့ခံများက မြို့နယ်မီးသတ်ရုံး၌ စတစ်ကာကပ်ရန် တိုးဝှေ့ တန်းစီသူ များပြားခဲ့သည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် မီးသတ်ရုံးတာဝန်ရှိသူနှင့် ဝန်ထမ်းများ ကိုယ် တိုင်က ယင်းမီးသတ် ဖုန်းနံပါတ်ပါ အနီရောင် စတစ်ကာများကို ဆိုင်ကယ်ထိပ်တို့တွင် လိုက်ကပ်ပေးခဲ့ခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းမလည်ဆွဲရပ်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦး က “ဆိုင်တွေ အိမ်တွေ လူစည်ကားတဲ့နေရာ တွေမှာ အများမြင်သာအောင် ကပ်ခိုင်းတာဆို သဘာဝကျပါသေးတယ်။ နောက်ဆို ဆိုင်ကယ်မှာ မီးချိတ်၊ မီး ကတ် သဲပုံး၊ ရေပုံးတွေပါ ဆွဲခိုင်းအုန်းမလားမသိဘူး။ အရေးယူမယ်ကြား တော့ လူတွေစိတ်ပူပြီး သွားကပ်နေ ကြတာ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာနှင့် မြို့ခံများအကြား ဆိုင်ကယ်နှင့် ကားများတွင် အရေးပေါ် မီး သတ်ဖုန်းနံပါတ် ၁၉၁ ပါ စတစ်ကာ မကပ်ထားပါက ဒဏ်ငွေ ၃သောင်းကျပ် ပေးဆောင် အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ပြည်သူများက သွားရောက် တန်းဆီခဲ့ကြခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

မီးသတ်ရုံးသို့ လာရောက်ကြသည့် ယာဉ်များမှာ ဆိုင်ကယ်များအပြင် သုံးဘီးဆိုင်ကယ်နှင့် ကားအချို့လည်း ပါရှိ ခဲ့ပြီး ယာဉ်အားလုံးကို အရွယ်အစား တူညီသည့် စတစ်ကာများ အခမဲ့ကပ်ပေးခဲ့ပြီး ကိုယ်တိုင်သွားရောက် တန်း စီမှသာ ကပ်ပေးခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၁၉၁ စတစ်ကာများ ကပ်နေပေးခြင်းသည် စစ်ကောင်စီတပ်ဖွဲ့၊ လက်အောက်ခံ ရဲနှင့် ယာဉ်ထိန်းများက ဝင်ငွေရှာ ရန် အတွက် ရည်ရွယ်ချက်ရှိရှိ ပြည်သူအများ စိုးရိမ်ထိတ်လန့်အောင် ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုဝေဖန်လျက် ရှိသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၊ ရဲနှင့် ယာဉ်ထိန်းများက ထားဝယ်မြို့ပေါ်တွင် ဆိုင်ကယ်နှင့် ပတ်သက် သည့် အထောက်အထားများ၊ ယာဉ်မောင်းလိုင်စင်များအား တင်းကြပ်စွာ စစ်ဆေးလျက်ရှိသည်ဟုလည်း ဒေသခံ များက ပြောသည်။

ဆိုင်ကယ်စီး ဦးထုပ်ဆောင်းမဆောင်းနှင့် မှန်ကိုင်းပါမပါစစ်ဆေးခြင်း၊ အမျိုးသား နှစ်ယောက်စီးခြင်း၊ ဂါဝန်ဝတ် စီးခြင်း၊ ထီးဆောင်းမောင်းနှင်ခြင်း၊ ခြေနင်းတုံး တဖက်ကျခြင်းနှင့် အခြားဥပဒေအတွင်းမရှိသည့် အကြောင်းပြ ချက်များဖြင့် ဖမ်းဆီးကာ ငွေကြေးတောင်းခံမှုများ နေ့စဉ်ပြုလုပ်နေသည်ဟု ဆိုသည်။

ဘီးခွန်မပါသည့် ဆိုင်ကယ်များကို ဖမ်းဆီးခြင်းများလည်း ရှိနေသဖြင့် မြို့နယ် စည်ပင်သာယာရုံးတွင် ဘီးခွန် ဆောင်သူများလည်း များပြားလျှက်ရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။