နှစ်ရှည် မူးယစ်ဆေး ရောင်းဝယ်သူကို ပုလော PDF ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

နှစ်ပေါင်းများစွာ မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ အမျိုးသားတစ်ဦးကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PRDF က မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိလိုက်သည်ဟု ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နေထိုင်သည့် ဦးဇော်ခိုင်ကို ဇန္နဝါရီလ ၃ ရက်နေ့၊ မွန်းလွှဲ ၁၂ နာရီ ခွဲ အချိန်ခန့်က PRDFတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဇန္နဝါရီလ ၄ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

ဦးဇော်ခိုင်ထံမှ WY မူးယစ်စိတ်ကြွဆေးပြား ၃၈၇ လုံး၊ ဆေးရှူရာတွင် အသုံးပြုသည့် ကိရိယာ ဗူး ၁ လုံး၊ ခဲပြား ၁ လိပ်၊ ဖုန်း ၂ လုံး၊ ငှက်ကြီးတောင်ဓား ၁ ချောင်း၊ လှံ ၁ ချောင်း နှင့် ငွေကျပ်ရှစ်သိန်းခွဲကျော်တို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။

PRDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “မူးယစ်ဆေးရောင်းနေသူတွေ အရင်လက ၂ ယောက် ဖမ်းထားတာရှိတယ်။ အခုထပ်ဖမ်းတာ ၁ ယောက်နဲ့ဆိုရင် ၃ ယောက် ရှိပါပြီ။ ပထမ ဖမ်းပြီးထဲက နောက်လူတွေ ဆက်မလုပ်ဖို့လည်း သတိပေးခဲ့ ပါသေးတယ်။ သူတို့ကို ဥပဒေအရပဲ အရေးယူနိုင်ဖို့ လက်ရှိ ထိန်းသိမ်းထားပါတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တုန်းကလည်း ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာပင် မူးယစ်ဆေးဝါးများ ရောင်းချနေသူ အမျိုးသားနှစ်ဦးကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF က ဖမ်းဆီးခဲ့ပြီးနောက် ယခုနှစ်ဆန်း ဇန္နဝါရီလ ၃ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံရသူ ဦးဇော်ခိုင်သည် မူးယစ်ဆေးဝါးများကို ကိုယ်တိုင်သုံးစွဲကာ ဖြန့်ဖြူး ရောင်းချ နေသူ တစ်ဦးဖြစ်ပြီး ပုလောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ပပျောက်စေရန်အတွက် ၎င်းအား ပြည်သူ့ ကာ ကွယ်ရေး အဖွဲ့စည်းများက အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိခဲ့သဖြင့် ဖမ်းဆီးရခြင်း ဖြစ် သည်ဟု PRDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

PRDF တပ်ဖွဲ့ အနေဖြင့် ပုလောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ အမြစ်ပြတ် ကင်းစင်သွားစေရန် အရေးယူမှု များ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း မပြုပါရန်နှင့် စစ်ကောင်စီ၏ ထုတ် ကုန် ပစ္စည်းများကိုလည်း အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ဒေသခံ ပြည်သူများအား မေတ္တာ ရပ်ခံ တောင်းဆိုထားသည်။