အုပ်ချုပ်ရေးမှူးများ၊ နှင့် ထောက်တိုင်များ တပတ်အတွင်း နှုတ်ထွက်ရန် ရာဇသံပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

စစ်ကောင်စီ၏ ထောက်တိုင်များအား တပတ်အတွင်း နုတ်ထွက်ကြရန် မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က နောက်ဆုံးအကြိမ်အဖြစ် သတိပေးချက် ထုတ်ပြန်ထားသည်။

မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)၏ သတိပေး ထုတ်ပြန်ချက်ထဲတွင် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အပါအဝင် ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများကို တပတ်အတွင်း အပြီးတိုင် နုတ်ထွက်ပေးရန် ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။

အသက် ၃၅ နှစ်အရွယ် မြိတ်မြို့အင်းလေးမြိုင်ရပ်ကွက် နေထိုင်သူတစ်ဦးက “အရင်ကလည်း ထုတ်ပြန်ခဲ့ဖူးပါ တယ်။ ရပ်ကွက်တချို့ ရာအိမ်မှူးတွေ မကြောက်မလန့် ဆက်လုပ်နေကြတာ။ ပြီးတော့ စစ်ကောင်စီက စစ်သင် တန်းတွေ တက်ခိုင်းပြီး လက်နက်တွေ ထုတ်ပေးထားတာတွေတောင် ရှိနေတယ်” ဟု ပြောသည်။

မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)၏ ယခုထုတ်ပြန်ထားသည့် သတိပေးထားချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေမည် ဆိုပါက အဆိုပါ လူပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်ကို အာမခံမည် မဟုတ်ပါ ကြောင်းနှင့် ယခုတစ်ကြိမ်မှာ နောက်ဆုံးအနေဖြင့် သတိပေးခြင်းဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။

မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)က အဆိုပါ သတိပေး ထုတ်ပြန်ချက်ကို ဇန္နဝါရီလ ၅ ရက်နေ့တွင် ထုတ် ပြန်ချက်ထဲတွင် ယနေ့မှစတင်၍ တပတ်အတွင်း ရာထူး တာဝန်အသီးသီးမှ နုတ်ထွက်ကြရန် သတိပေးထား သည်။

အလားတူ ထုတ်ပြန်ချက်မျိုးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကလည်း မြိတ် (ပကဖ) က အဖွဲ့က ပျူစောထီး အဖွဲ့ဝင်များအား နုတ်ထွက်ကြရန် အမည်စာရင်းများနှင့်တကွ သတိပေးစာ ထုတ်ပြန်ခဲ့ဖူးသေးသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး လက်ရှိအချိန်အထိ မြိတ်မြို့ပေါ်တွင် ပစ်ခတ်ဖောက်ခွဲမှုများ ငြိမ်သက်နေခဲ့ပြီး တိုက်ခိုက်မှု ပြုလုပ်ပြီးတိုင်းမှာလည်း ၎င်းတို့ပြုလုပ်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ပေးလေ့ ရှိသည်။