ကချင်ပြည်နယ်အတွင်း လူဦးရေ စာရင်းကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက မွေးကင်းစကလေးငယ်များ အပါအဝင် လူဦးရေ စာရင်းများကို ကောက် ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အိမ်ရှိ လူဦး ရေ စာရင်းများကို ကောက်ခံခိုင်းနေသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

အမည်မဖော်လိုသူ နယ်မြေမှူးတစ်ဦးက “တချို့ရပ်ကွက်တွေက ဆရာမတွေ ပါတယ်။ အိမ်ထောင်စုထဲက ရှိသမျှ လူနဲ့ မွေးကင်းစကလေးတွေပါ အကုန် ကောက်ခိုင်းတာ” ဟု ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် လူဦးရေစာရင်း တိကျမှန်ကန်မူ ရှိစေရန်အတွက် ဆရာ/ဆရာ မ များနှင့် နယ်မြေမှူးများက ရပ်ကွက်အသီးသီးတွင် လှည့်လည်၍ စာရင်းကောက်ခံခိုင်းထားခြင်း ဖြစ်သည် ဟု နယ်မြေမှူးတစ်ဦးက က ပြောသည်။

၂၀၂၀ ပြည့်နှစ် အစိုးရလက်ထက်တွင် သေဆုံးပြီးသူများနှင့် မွေးကင်းစကလေးများပါ စာရင်းကောက်ခံခိုင်းသည့် “ ရှိ” ကောက်စာရင်းမျိုးကို ယခု ကောက်ခံခိုင်းနေခြင်း ဖြစ်ပြီး ဇန္နဝါရီလ ၉ ရက်နေ့ မှ ဇန္နဝါရီလ ၃၁ ရက်နေ့ အတွင်း အပြီးကောက်ခံပေးရမည် ဖြစ်သည်ဟု မြို့နယ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတစ်ဦး က ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင်လည်း ၂၀၂၂ ခုနှစ်ဈ ဒီဇင်ဘာလ ၂၇ ရက်နေ့က လူဦးရေ စာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ် ၂ အခြေခံ ပညာ အထက်တန်း ကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်ဟု ဒေသခံများက၏ ပြောပြချက်အရ သိရသည်။

ဝိုင်းမော်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော် မတီများနှင့် မြေပြင်ကွင်းဆင်း ကောက်ယူရေး အဖွဲ့များအား လုပ်ငန်းစဉ်နှင့်ပတ်သက်၍လည်း အဆိုပါ သင်တန်း အတွင်း ပို့ချပေးခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဆိုသည်။