အင်းလေးဒေသ အသွားအလာ လုံခြုံမှု မရှိဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
အင်းလေးဒေသတွင် စစ်ကောင်စီတပ်နှင့် အင်းလေးပြည်သူ့ ကာ ကွယ်ရေးတပ် (IPDF) တို့အကြား တိုက်ပွဲကြောင့် ပိတ်ထားရသည့် ကားလမ်းများအား စစ်ကောင်စီဘက်မှ ပြန် ဖွင့်ပေးလိုက်သော်လည်း လုံခြုံရေးအတွက် စိတ်မချရသေးဘူးဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ ထိုကားလမ်းများမှာ ဇန္နဝါရီလ ၃ ရက်နေ့ကတည်းက တိုက်ပွဲကြောင့် တစ်ပတ်ကြာ ပိတ်ထားသည်ဖြစ်ရာ ဇန္နဝါ ရီလလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သော်လည်း သွားလာသူများကို အစစ်ဆေးတင်းကြပ်ခြင်း၊ ကား များကို အခွန်ကောက်ခြင်းများ ပြုနေလုပ်သောကြောင့် ဖြတ်သန်းသွားလာရန် စိုရိမ်မကင်းဖြစ်နေကြသည် ဟု အင်းလေးဒေသခံများက ပြောသည်။
အင်လေး ဟဲယာရွာမကျေးရွာတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက “မနေ့ကတော့ ရွာ ကို ညောင်ရွှေက ရေသန့်ကားတစ်စီးပဲ လာတယ်။ လမ်းဖွင့်ပြီဆိုပေမယ့် စစ်တပ် စစ်ဆေးရေးဂိတ်တွေက ရုတ် သွားတာမျိုး မဟုတ်ဘူး။ သူတို့လည်း လက်နက်တွေ အပြည့်အစုံနဲ့ ဆိုတော့ မြင်တာနဲ့ လန့်နေရတယ်။ မဖြစ် မနေ ကိစ္စတောင်မှ အရမ်းကြီးအရေးပေါ် တဲ့ ကိစ္စလောက်ပဲ သွားလာကြပါတယ်” ဟု ပြောသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း စစ်ကောင်စီမှ ပြန်ဖွင့်ပေးသည့် လမ်းများမှာ မှော်ဘီအဝိုင်းပတ်လမ်း၊ ဟဲဟိုး-ခေါင်တိုင်လမ်း၊ ခေါင်တိုင်-ပေါင်းပိန်းလမ်း တို့ပါဝင်သည်။
သို့သော်လည်း စစ်ကောင်စီတပ်များမှာ ဂိတ်အချို့တွင် ငွေကြေးတောင်းခံမှုများ ရှိနေသည့်အပြင် ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက်နှင့် ပျားပင်ကျေးရွာတို့တွင် “အကြမ်းဖက် PDF များ ထောင်ထားသည့် မြေမြုပ်မိုင်း တွေ့သည်” ဟု ထုတ်ပြန်ထားသောကြောင့် ဒေသခံများ အနေဖြင့် သွားလာရန် ခက်ခဲနေခြင်း ဖြစ်သည်။
ပျားပင်ကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “ဗုံးတွေ့တယ်ဆိုတာကတော့ အခွံ သက်သက်လို့ ပြောနေကြတယ်။ ပျားပင်ရွာမှာ ဗုံးလာထောင်ဖို့ဆိုရင် PDF တွေက မှော်ဘီဂိတ်နဲ့ ခေါင်တိုင်ဂိတ် ဖြတ်လာရမယ်။ အဲဒီဂိတ်တွေက ဖုန်းတွေနဲ့ သယ်လာတဲ့ ပစ္စည်းတွေကို စစ်တယ်။ ဗုံးသယ်လာဖို့ဆိုတာ မဖြစ် နိုင်ဘူး။ ရေလမ်းကလည်း ပိတ်ထားတယ်လေ။ ညောင်ရွှေမြို့ထဲမှာဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ ဒါ ပေမယ့် ရွာခံတွေက စစ်တပ်က ထောင်ထားပြီး PDF ကို လွှဲချမှာ သိနေလို့ မသွားလာရဲကြဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်များမှာ စစ်ဆေးရေးဂိတ်တွင် ငွေကြေးတောင်ခံသည့်အပြင် အင်းတိန်ရွာ၊ ကျားတွန်ရွာ၊ ဘုရား နီရွာနှင့် သန်းထောင်ရွာတို့တွင် ကားရှိသည့်အိမ်များကို တစ်အိမ်လျှင် ၇၀,၀၀၀ ကျပ် ကောက်ခံနေပြီး ၎င်းတို့ ပစ္စည်းများကို ကားဖြင့်သယ်ခိုင်းနေသောကြောင့် ရွာခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ ထိတ်လန့်နေရသည်ဟု ဆို သည်။
ထို့အပြင် လာမည့် ဇန္နဝါရီလ ၁၄ ရက်နေ့တွင် သန်းထောင်ဈေးနေ့ဖြစ်သောကြောင့် စျေးရှိမည်ဟု ကြေညာထား သော်လည်း စစ်ကောင်စီတပ်များမှ ဈေးအနီးတွင် တပ်စွဲထားခြင်း၊ ဈေးသည်များကို အစစ်ဆေး တင်းကြပ် နိုင် ခြင်း စသည် အခြေအနေများကြောင့် ရောင်းချမည့် ဈေးသည်များ မရှိသလောက် နည်းပါးနိုင်ကြောင်း ဈေးသည် အချို့က ဆိုသည်။