ပြည်သူ့စစ်မိုင်းကြောင့် ၁၅ နှစ်အရွယ် အမျိုးသမီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ထောင်ထားသည်ဟု ယူဆရသည့် မိုင်းနင်းမိရာ တနိုင်းမြို့နယ်အတွင်းက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဝခါးကျေးရွာ ရွှေမှော်ဘက်မှ ရှဒူးဇွပ်ကျေးရွာဘက်သို့ ပြန်လည်သည့် သားအမိ နှစ်ဦးမှာ ပြည်သူ့စစ်အဖွဲ့က ထောင်ထားသည်ဟု ထင်ရသည့် မိုင်းကို နင်းမိပြီး သမီးဖြစ်သူ သေဆုံးသွားခြင်း ဖြစ်သည်ဟု ရှဒူး ဇွပ်ရွာခံများက ပြောသည်။

ရှဒူးဇွပ်ရွာခံ အမျိုသားတစ်ဦးက “သူတို့က မှော်ထဲကနေ ရှဒူးဇွပ်ဘက်လာတဲ့ အချိန် မိုင်းနင်းမိတာ။ အခုက အဲ့
ဒီဘက် ရွာဘက်ကို ရွာသားတွေကိုလည်း ဖားရှာငါးရှာတောင် မသွားခိုင်းဘူး” ဟု ပြောသည်။

မိုင်းနင်းမိသွားသည့်အတွက် သမီးဖြစ်သူမှာ သေဆုံးသွားပြီး မိခင်ဖြစ်သူလည်း ခြေထောက်တွင် ဒဏ်ရာ ရသွား သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဇန္နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၈ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ရာ မိုင်းနင်းမိသည့် လမ်းတစ်လျှောက်တွင် ပြည်သူ့ စစ်အဖွဲ့က စစ်ဆေးရေးဂိတ်ထိုင်ထားပြီး အနီးအနားရှိ ဒေသခံရွာသားများကို ဖြတ်သန်းသွားလာခြင်း မပြုရန် တားဆီးထားသောကြောင့် ၎င်းတို့ထောင်ထားသည့် မိုင်းဖြစ်မည်ဟု ဒေသခံများအကြား ပြောဆိုနေကြခြင်း ဖြစ် သည်။

ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်တွင် ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က သွားလာလှုပ်ရှားနေသည့်အပြင် စစ်ကောင်စီတပ်၊ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားတွင်လည်း မကြာခဏ ထိတွေ့ တိုက် ပွဲများ ဖြစ်ပွားလျှက်ရှိသည်။