မန့်ဝိန်းဂိတ်ဖွင့်သော်လည်း ကားအဝင်အထွက် မရှိသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။
မြန်မာ – တရုတ်နယ်စပ်၊ ရှမ်းမြောက် မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်တစ်ဖြစ်သည့် မန့်ဝန်းဂိတ်ကို ပြန်ဖွင့်လိုက်သော်လည်း ကားအဝင်အထွက် မရှိသေးဘူးဟု နယ်စပ်နေ ပြည်သူများက ပြောသည်။
အဆိုပါ မန့်ဝန်းဂိတ်အပါအဝင် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့အား မြန်မာဘက်ခြမ်းက ပိတ်ထားရာမှ ဇန္နဝါရီလ ၁၄ ရက်နေ့တွင် မန့်ဝန်းကုန်စည်ဝင်ထွက် ကုန်သွယ်သည့် ဂိတ်အား ပြန်ဖွင့်လိုက်ခြင်း ဖြစ်သည်။
မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက “ကျမသွားကြည့်တာ လူလည်းဝင်လို့မရ ကုန်ကားတွေလည်း တစ်စီးမှ အဝင် အထွက် မရှိသေးဘူး။ ဘာမှလုပ်လို့မရဘူး။ ကုန်ကားသမားတွေက pass port မလုပ်ရသေးဘူး။ pass port ရုံး တွေလည်း လုပ်ငန်းတွေ မစသေးဘူး။ pass port မရှိရင် ဝင်ထွက်လုပ်လို့မရဘူး” ဟု ပြောသည်။
ဇန္နဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီဝန်းကျင် အချိန်ခန့်တွင် မန့်ဝိန်း – ကျယ်ဂေါင်ဂိတ်ကို မြန်မာဘက်ခြမ်း က ဖွင့်လှစ်လိုက်သော်လည်း ဇန္နဝါရီလ ၁၅ ရက်နေ့ တနေကုန်အထိ ကုန်သွယ်ကား အဝင်အထွက် လုပ်၍ မရသေးဘူးဟု ပြောသည်။
မြန်မာဘက်က ကုန်သွယ်ရာ မန့်ဝိန်းဂိတ်ကို ဖွင့်ပေးလိုက်ပြီး နန်းတော် (ဒေသအခေါ် အလယ်ပေါက်)နှင့် ဒေသ အခေါ် စျေးပေါက်ဖြစ်သည့် ဆင်ဖြူဂိတ်တို့ကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်ဟု မူဆယ်မြို့ခံများက ပြော သည်။
ဇန္နဝါရီလ ၁၄ ရက်နေ့ ပြန်ဖွင့်လိုက်သည့် မန့်ဝိန့်ဂိတ်ကို ဂိတ်ဖွင့်ပြီးနောက် ၆ ဘီးကားနှင့် ၁၆ တန်အောက် ကုန်ကားများကို သွားလာခွင့်ပြုမည်ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း ကားတစ်စီးမှ သွား၍ မရသေးဘူးဟု ဆိုသည်။
ယခုကဲ့သို့ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်ပေးလာခြင်း၊ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် စည်း မျဉ်းစည်းကမ်း သတ်မှတ်ချက်များကို လျော့ပေးလာသည့်အပေါ် နယ်စပ်နေကုန်များက ဝမ်းသာနေကြ သော် လည်း ရောဂါကူးစက်မှုများနှင့် သေဆုံးမှုများ တရုတ်နိုင်ငံထဲ ဆက်လက်ဖြစ်ပွားနေသည့်အတွက် စိုးရိမ်မှုများ လည်း ရှိနေကြသည်။
မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “ဂိတ်ဖွင့်တာက အာဏာပိုင်တွေ အချင်းချင်း ဘယ်လိုတွေ ညှိပြီး ဖွင့်လိုက်တာ လဲ မသိဘူး။ ဂိတ်ကတော့ ကားတွေပဲ ဝင်ထွက်လို့ ရတယ်။ ဒါပေမယ့် ပြည်သူတွေက အရမ်းစိုးရိမ်နေကြ တယ်။ ဟိုဘက်မှာလည်း ကိုဗစ်တွေ တအားဖြစ်ပြီး အသေအပျောက်လည်း ရှိတယ်ဆိုတော့ ဒီဘက်ကူးစက် လာမှာ ကြောက်တယ်” ဟု ပြောသည်။
မူဆယ်ခရိုင်အတွင်းရှိ တရုတ် – မြန်မာနယ်စပ်ဂိတ် ၃ ဂိတ်ဖြစ်သည့် မန့်ဝန်း၊ နန်းတော်နှင့် ဆင်ဖြူဂိတ်တို့ကို ပြီး ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက တရုတ်ဘက်ခြမ်းက COVID-19 အကြောင်းပြကာ အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ နှစ်ကြာချီ ပိတ်သိမ်းထားသည့် ဂိတ် ၃ ဂိတ် ကို ယခုနှစ် ဇန္နဝါရီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံဘက်ခြမ်း က ဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းကတော့ ဇန္နဝါရီလ ၁၄ ရက်နေ့တွင် မန့်ဝိန်းဂိတ်ကို ပြန်ဖွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ကျန် ဂိတ်နှစ်ဂိတ်ဖြစ်သည့် နန်းတော်နှင့် ဆင်ဖြူဂိတ်တို့ကိုမူ မဖွင့်သေးပေ။