အသံတိတ်သပိတ်နေ့က ကျောင်းပျက်သူ ၆၀ ရာနှုန်းရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

ပုသိမ်မြို့တွင် အသံတိတ်သပိတ်နေ့က ခွင့်တိုင်ပြီး ကျောင်းတက် ပျက်ကွက်သူ ၆၀ ရာခိုင်နှုန်း နီးပါးရှိသည် ဟု ပညာရေးဌာနနှင့် နီးစပ်သူများက ပြောသည်။

တော်လှန်ရေး အင်အားစုများ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အသံတိတ် သပိတ် လှုပ်ရှားမှု လုပ်သည့် ဖေ ဖော်ဝါရီလ ၁ ရက်နေ့က ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ခွင့်တိုင်ကာ ကျောင်းတက် ပျက်ကွက်သူ ၆၀ ရာခိုင်နှုန်း နီးပါးရှိဟု ပညာရေးဌာနနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ် တက္ကသိုလ် နယ်မြေ လုံခြုံရေး ဝန်ထမ်းတစ်ဦး “ဒီနေ့က ကျောင်းပိတ်ရက် မဟုတ်ပါဘဲကို ကျောင်းသား တွေ လာတာ တော်တော် နည်းသွားတယ်။ ကျောင်းဝက အကြော်သည်တောင် အစောကြီးသိမ်းသွားတယ်” ဟု က ပြောသည်။

ပုသိမ်မြို့ပေါ် က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ သာမက ပုသိမ်တက္ကသိုလ်တွင်လည်း ဖေ ဖော်ဝါရီလ ၁ ရက်နေ့က ခွင့်တိုင်ပြီး ကျောင်းတက် ပျက်ကွက်သူများ ရှိနေသည်ဟု ပုသိမ်တက္ကသိုလ် ကျောင်း သားရေးရာဌာနနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှု ၂ နှစ် ပြည့် သည့်နေ့ဖြစ်ပြီး လက်နက်ဖြင့် အကြမ်းဖက် အာဏာသိမ်းသည့် လုပ်ရပ်မျိုးကို မလိုလားသဖြင့် အိမ်ပြင် မထွက် ကြဘဲ အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သည်ဟု ပုသိမ်မြို့ခံ အများစုက ပြောသည်။

ပုသိမ် မြို့ပေါ် တွင် နံနက် မိုးလင်းချိန်မှ စပြီး နေ့လည် ၁၂ နာရီကျော်အထိ စားသုံးသူ အများအပြား ရှိနေသော မန်းဆန်သူ၊ နောင်ရိုး၊ သန်းကြွယ်၊ လမင်းအိမ်၊ ကံကော်ရိပ် စသည့် လက်ဖက်ရည်နှင့် စားဖွယ်စုံဆိုင်ကြီးများတွင် နံနက် ၁၀ နာရီ နောက်ပိုင်းအထိ လာရောက် စားသောက်လေ့ ရှိသူများပင် ထို့နေ့က မရှိခဲ့ဘူးဟု ဆိုသည်။

ကျောင်းသားမိဘ တစ်ဦး က “မြို့ထဲမှာ သွားကြလာကြသူတွေ ခြောက်ကပ်သွားလို့ ထင်ပါတယ်။ မြို့ပေါ်က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းက ကလေးတွေကို မွန်းလွဲ ၂ နာရီခွဲမှာ ကျောင်းဆင်းပေးလိုက် တယ်” ဟု ပြောသည်။

ရပ်ကွက်တွင်းက ကုန်စုံများ၊ စတိုးဆိုင်များနှင့် ဆေးဆိုင်အချို့ပါ ပိတ်ထားပြီး ဆိုင်အချို့က ဖွင့်ထားကြသော် လည်း နံနက် ၁၀ နာရီက စတင်ပြီး ညနေ ၃ နာရီအထိ လာရောက်ဝယ်ယူသူများ မရှိခဲ့ဘူးဟု ဆိုသည်။

ထို့အပြင် လူမှုကွန်ရက် စာမျက်နှာမှ အသံတိတ် သပိတ်လုပ်ရန် လှုံ့ဆော်သည့် အကောင့်ပိုင်ရှင်များကို စစ် ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ စစ်ကောင်စီ သတင်းပေး ဒလလန်များက လိုက်လံ စုံစမ်းနေသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သောသူများက ပြောသည်။