ရွှေဘို အထွေက်ဂိတ်တွင် ပိုက်ဆံကောက်သည့် ရဲနှင့် စစ်သားများ တိုက်ခိုက်ခံရ၊ ၆ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။

ရွှေဘိုမုဒ်ပေါက်ဝတွင် ဆက်ကြေးကောက်နေသည့် ရဲနှင့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦး သေ ဆုံးသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့ဂိတ်ထွက်ပေါက်ရှိ တဂဏန်းကျေးရွာတွင် စောင့်ကြပ်နေသော ရဲနှင့် စစ်ကောင်စီ တပ်သားများအား ရွှေဘိုမြို့နယ် မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုများမှ ဖြုတ်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

ရွှေဘိုမြို့နယ် ဒေသတွင်းကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် Buffalo Soldiers Freedom Force- SBLDF မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “အတည်ပြုတာက မျက်မြင်တွေ့ရှိချက်ပေါ့နော်။ ကျနော်တို့ လူတွေကို အဲဘက်မှာ လွှတ်ထားတယ်။ ပြည်သူတွေ သတင်းပေးပို့ချက်လည်း ရှိတယ်။ နောက်ဆုံးအဆင့်က CCTV ဘုတ်ပြားတွေ အကုန် ပျက်စီးသွားတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီကောင်တွေရဲ့ သွေးက ကွန်မန်ဒိုအိတ်တွေရော ဦးထုတ် တွေရော ကျွတ်ကျန်ခဲ့တယ်။ ကျနော်တို့ အဲဒါတွေသွားပြီးတော့ ယူနေတဲ့အချိန် ဒီကောင်တွေလည်း ကင်းပုန်း ဝတ်နေတော့ ကျနော်တို့လည်း အဆင်မပြေတာနဲ့ လုပ်ခွင့် မရှိလိုက်ဘူး” ဟု ပြောသည်။

ရွှေဘိုမြို့ ဂိတ်ထွက်ပေါက်တွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က မဟာမိတ် တော်လှန် ရေး တပ်ပေါင်းစုများမှ ဖြုတ်မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် ရဲနှင့် စစ်ကောင်စီတပ်သားများ ၄ ဦး ပွဲချင်းပြီး သေ ဆုံးခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသည်ဟု ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား SBLDF အဖွဲ့နှင့်အတူ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Shwebo Defence Force (SBLDF) တပ်ခွဲ (၁)၊ စခန်း (၁) တို့က အတူတကွ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၃ ပတ်ခန့် အချိန်ယူ၍ စစ် ကောင်စီတပ်များ၏ အဝင်အထွက်နှင့် သတင်းများ လေ့လာစောင့်ကြည့်ပြီးမှ ပြင်ဆင်ခဲ့ရသည်ဟု ၎င်းက ဆက် ပြောသည်။

ယခုစစ်ဆင်ရေးတွင် အသုံးပြုခဲ့သော မိုင်းအမျိုးအစားမှာ ဖြုတ်မိုင်းဖြစ်ပြီး ၎င်းအားဖြုတ်လိုက်သည့် အချိန်မှ သာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ တော်လှန်ရေးအဖွဲ့ဝင်များက အခြားအသွင်ပြောင်း၍ ဗုံးတွေ့သည်ဟု ဖုန်းဆက်အကြောင်းကြားခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်၍ မိုင်းဖြုတ်ခဲ့ချိန် ပေါက်ကွဲသေဆုံး ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုစစ်ဆင်ရေးနှင့်ပတ်သက်၍ မည်သည့်ရယ်ရွယ်ချက်ဖြင့် ဖော်ဆောင်ခဲ့သည်ကို မေးမြန်းရာတွင်လည်း SBLDF ၏ ပြန်ကြားရေးတာဝန်ရှိသူက “ရွှေဘိုမုဒ်ပေါက်မှာ ဒီကောင်တွေက ပြည်သူတွေအပေါ် မတရား ဆက်ကြေး ကောက် အမြတ်ထုတ်။ မုဒ်ပေါက်မှာ ကတည်းကိုက ကျနော်တို့ရဲ့ တချို့ညီငယ်တွေလည်း CCTV ကြောင့် လိုက် ပြီးတော့ အဖမ်းခံရတာတွေရှိတယ်။ အဓိက ကျနော်တို့က ဒီကောင်တွေ မုဒ်ပေါက်မှာ ရှိနေတာကို မမြင်စေချင် တာပေါ့နော်။ ဒီကောင်တွေ ဆက်ကြေးကောက်တာတွေ လာသမျှ ဖမ်းဆီးစစ် ရိုက်နှက်တာတွေအစ ရှိနေတယ် ဆိုတော့ ကျနော်တို့ အဲတာကြောင့် လုပ်ဖြစ်သွားတာပါ” ဟု ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင်လည်း စစ်အင်အား အယောက် ၇၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာလည့် စစ်ကောင်စီတပ်သား အယောက် ၇၀ ခန့်ကို ရွှေဘိုမုဒ်ပေါက်နှင့် ဇီးတောကျေး ရွာကြားတွင် SBLDF, SBDF, Hero Brothers Guerilla Force, တောကျီးကန်း စသည့် မဟာမိတ်တပ်ဖွဲ့များမှ ရှေ့ ထွက်မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်မှုကြောင့် စစ်ကောင်စီ၏ အဖြူရောင် ၁၂ ဘီးကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်မှုရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် စစ်ကောင်စီတပ်များ၏ ထိခိုက်သေဆုံးမှု အတိအကျစာရင်းအား အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက် အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။