ရာအိမ်မှူးမှ အုပ်ချုပ်ရေးမှူး ဖြစ်လာသူ တစ်ပတ်အတွင်း လုပ်ကြံခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

ရာအိမ်မှူးအဆင့်မှ ပြောင်းလဲခန့်အပ် လိုက်သည့် ချမ်းမြသာစည်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူး တစ်ပတ် အတွင်း လုပ်ကြံခံရ၍ သေဆုံးသွားသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သင်ပန်းကုန်းရပ်တွင် ရာအိမ်မှူးအဆင့်မှ ပြောင်းလဲ ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးအား မြို့ပြပြောက်ကျားတပ်ဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

AST_MDY အဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူက စစ်တပ်နဲ့ပေါင်းပြီး ကျူးတွေလိုက် ဖျက်တယ်။ ဧည့်စာရင်းစစ်တယ်။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ လိုက် ကောက်တယ်။ ဒါကြောင့် လားပင်စင်ပေးလိုက်တာပါ” ဟု ပြောသည်။

သင်ပန်းကုန်းရပ်၊ ညည ၆၃/ ၆၄ ရပ်ကွက်၊ ၅၁ B, ၁၂၁ – ၁၂၂ လမ်းကြားတွင်နေထိုင်သော အုပ်ချုပ်ရေး မှူးအား ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု အောင် စည်တော်စစ်ဆင်ရေး (AST-MDY) အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးမှာ အသက် ၆၉ နှစ်အရွယ် ဦးသာဌေး ဆိုသူဖြစ်ပြီး သေနတ်ဖြင့် ၇ ချက်ချက်တိတိ ပစ်ခတ်ခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။ ထိုသို့ပစ်ခတ်ပြီးနောက်တွင် ဦးသာဌေးမှာ နဖူး၊ လက်ယာဘက် နားထင်နှင့် ရင်အုံနေရာများတွင် ဒဏ်ရာရရရှိခဲ့ပြီးနောက် ပွဲချင်းပြီး သေဆုံးသွား သည်ဟု ပြောသည်။

AST- MDY ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက “အရင်ကဆို ၃ ချက်အများဆုးပဲ။ ၇ ချက် ပစ်ရ တယ်ဆိုတာက သူအိမ်ထဲ ပတ်ပြေးနေလို့ပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၂၇ ရက်နေ့တွင် ယခင် သင်ပန်းကုန်းရပ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ငြိမ်းအား AST- MDY ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်၊ နောက်ရက်တွင် ရာအိမ်မှူး ဦးသာဌေး အား စစ်ကောင်စီမှ အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရသည့် ဦးသာဌေးမှာလည်း တစ်ပတ်ခန့်သာ ကြာမြင့်ပြီး နောက် AST-MDY အဖွဲ့မှ ထပ်မံရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇန္နဝါရီလ ၃၁ ရက်နေ့တွင်လည်း ၎င်းတို့အဖွဲ့မှ ရဲသတင်းပေးဖြစ်သူ တရုတ်ကြီး (ခ) ကိုမြတ်သူ အား ပစ်ခတ်ရှင်းလင်းခဲ့ပြီး တစ်ပတ်ကျော်ကာလအတွင်း ၎င်းတို့ ရှင်းလင်းခဲ့သည့် စစ်ကောင်စီ လက်ပါးစေ ၃ ဦးရှိပြီဟု ဆိုသည်။

AST-MDY ပျောက်ကြားတပ်ဖွဲ့မှာ စစ်ဆင်ရေး (Mission) များ မစတင်မှီ ဇန္နဝါရီလ အစကတည်းက ရဲသတင်းပေး၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအား နှုတ်ထွက်ကြရန် စာထုတ်ကာ သတိပေးထားပြီး ဖြစ်ရာ စစ်ကောင်စီ ထောက်တိုင်များ အနေဖြင့် မိမိအသက်ဖြင့် ရင်းရသည်အထိ စစ်ကောင်စီကို အလုပ်အကျွေး မပြုကြရန် ထပ်မံသတိပေးလိုက်သည်ဟု ဆိုသည်။

သို့ဖြစ်၍ စစ်ကောင်စီ ထောက်တိုင်များအနေဖြင့် မလိုက်နာခဲ့ပါကလည်း တရစပ် ရှင်းလင်းသုတ်သင် သွားမည်ဟု AST-MDY ပြောက်ကျားတပ်ဖွဲ့က အသိပေးကြေညာထားသည်။