ပုလဲ မိုင်းဆွဲတိုက်ခိုက်မှု၊ စစ်ကောင်စီ သေဆုံးမှုရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။
ပုလဲမြို့တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံကာကွယ် ရေး တပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ထွက်လာသည့် စစ်ကောင်စီ တပ်သား များ တနင်္လာနေ့၊ ညနေ ၄ နာရီဝန်းကျင် အချိန်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်။
“ရှေ့ထွက်မိုင်းသုံးလုံးနဲ့ သူတို့လာမယ့်ဖက်ကို ကာပြီး မိုင်းဆွဲခဲ့တာပါ။ သေဆုံးမှုနဲ့ ထိခိုက်မှုရှိတယ်။ ထိတဲ့သူတွေ ကို ပွေ့လာပြီး ထွေအုပ်ရုံးထဲ ခေါ်သွားတာမြင်တဲ့ သူရှိတယ်” ဟု ဒေါင်းနက်ပြောက်ကျား အဖွဲ့က ရဲဘော်ပေ ဆိုသူက ပြောသည်။
ပုလဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အင်အား ၆၀ ဝန်းကျင်နှင့် တပ်စွဲထားသည့် စစ်သားများထဲက ၇ ဦးမှာ အနောက်ဖက်ယာပြင်ကို ကင်းထောက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်သား ၇ ဦး အနက် ၃ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထွေအုပ် ရုံးနှင့် နီးစပ်သူအချို့က ပြောသည်။
ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အကြားတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့နှင့် စစ်ကောင်စီတပ်သားများအကြား ထိပ်တိုက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့ က ရဲဘော်လေးဦး အပါအဝင် PDF အဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သေးသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ်ထဲက ငွေသာကျေးရွာကို မီးရှို့ရန်လာသည့် စစ်ကောင် စီ စစ်ကြောင်းအား Shwe Nyar Myae PDF အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်များ၊ ယင်းမာပင်ခရိုင် အမှတ် ၁၀ တပ် ရင်း၊ ဒေါင်းနက် နယ် စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ အခြား ပုလဲမြို့နယ်မှ မဟာမိတ်များမှ ရှေ့ထွတ်မိုင်းများ ဖြင့် တိုက်ခိုက်ရန် သွားရောက်စဉ် စစ်တပ်ကင်းပုန်းနှင့် ထိပ်တိုက်တွေဆုံမိပြီး PDF ရဲဘော် ၆ ဦးနှင့် ရပ်ရွာကာ ကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေးတပ်ပေါင်းစုများသည် မိုင်းထောင်ရန် ကင်းထောက်သွားရင်း စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံရပြီး နှစ်ဦးမှာ လည်ပင်းဓားဒဏ်ရာနှင့် ၅ ဦးမှာ မီးရှို့ခံရကာ ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက အတည်ပြု ပြောသည်။
တော်လှန်ရေးရဲဘော်များနှင့်အတူ ကား ၃ စီး၊ ဆိုင်ကယ် ၂ စီးကိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ ခြင်း ဖြစ်သည်။