ဒေသန္တရ အမိန့်ဖြင့် ဆိုင်ကယ်စီးခွင့်ကပ်များ လုပ်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

နတ္တလင်းတွင် ဒေသန္တရအမိန့်အရ ဆိုင်ကယ်စီးနင်းခွင့်ကတ်ပြားများ လုပ်ခိုင်းနေသည်ဟု ဒေသခံများက ပြော သည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်းရေး ညွှန် ကြားမှုဦးဌာန ကညန၌ တရားဝင် လိုင်စင်ဝင်ထားသည့် ဆိုင်ကယ်လိုင်စင်၊ လူစီးလိုင်စင်များအပြင် ဒေသန္တရ အမိန့်အရ ဆိုင်ကယ်စီးနင်းခွင့် ကတ်ပြားများ ထပ်မံလုပ်ခိုင်းနေသည် ဟု ဒေသခံများက ပြောသည်။

နတ္တလင်းမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး က ”အိမ်တအိမ်မှာ ဆိုင်ကယ် တစီးဘဲရှိတယ်။ စီးမယ့် သူက ၄ ယောက် ရှိရင် ၄ ခု လုပ်ရမယ်ဆိုတော့ ဒီကာလကြီးမှာဗျာ သိတဲ့အတိုင်းဘဲ မာရှယ်လောနဲ့ ကိုင်ပေါက်နေတော့ ကြောက်လို့လုပ်ရတာပေါ့” ဟု ပြောသည်။

ဆိုင်ကယ်စီးနင်းခွင့် ကတ်အတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပေး ပြီး လုပ်နေကြရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

PDF များက ဆိုင်ကယ်ဖြင့် လာပြီး မိုင်းခွဲခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်နေသောကြာင့်ဟု ဆိုကာ ဆိုင် ကယ် အင်ဂျင်နံပါတ်၊ ဆိုင်ကယ်မောင်းနှင်သူ၏ ပတ်စပို့စ် ဓာတ်ပုံတစ်ပုံနှင့်အတူ ထောက်ခံစာ ကတ်ပြားကို ငွေပေးကာ လုပ်ကြရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုနှစ် ဇန္နဝါရီလတွင်လည်း ဆိုင်ကယ်မှန်သမျှကို ယာဉ်ထိန်းရဲ ပါးစပ်ထဲကထွက် သမျှ ဥပဒေအတိုင်း သိမ်းကျုံး ဖမ်းဆီးခဲ့သည့် လုပ်ရပ်များ လုပ်ခဲ့ပြီး ယခု ဖေဖော်ဝါရီလတွင် လူစီးနင်းခွင့် ကတ်များ ပြုလုပ်နေကြရခြင်း ဖြစ် သည်။

”လိုင်စင်မဲ့တွေလည်း လုပ်ရတယ်။ မော်တော်ပီကယ်နဲ့ ရဲက ဝစ်သောက်ကို လွှတ်ပေးမလား မလွှတ်လား ဘယ် သူမှ အာမ မခံနိုင်ဘူး။ အခု အကုန်လိုက်လုပ်ရတော့ အုပ်ကြီးတွေဘဲ ငွေရွှင်သွားတာ” ဟု နတ္တလင်း မြို့ခံတဦး က ပြောသည်။

ပဲခူးတိုင်းထဲတွင် စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ကို မြို့နယ် ၅ မြို့နယ် ထုတ်ပြန်ထားပြီး အရှေ့ခြမ်းတွင် ရေတာရှည်မြို့နယ် အနောက်ခြမ်းတွင် သယာဝတီခရိုင်ရှိ နှစ်မြို့နယ်၊ ပြည်ခရိုင်တွင် နှစ်မြို့နယ်တို့ဖြစ်သည်။

ပဲခူးတိုင်းထဲက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ်များကို စစ်ကောင်စီက လုံ ခြုံရေး၊ ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက်ဟု ဆိုကာ ပြည်နယ် ၄ ပြည်နယ်နှင့် တိုင်းဒေသကြီး ၄ တိုင်း အတွင်းက မြို့နယ် ၃၂ မြို့နယ်နှင့်အတူ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်ချက်ခံထားရသည့် ပဲခူးတိုင်းထဲက မြို့နယ် ၅ မြို့နယ်အနက် ပေါင်းတည်၊ နတ္တလင်းနယ်မြေများတွင် အုပ်ချုပ်ရေးမှူးများ အရှင်းလင်း ခံရဆုံးသောမြို့များဖြစ်သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲအဖြစ် အများဆုံးသော ဒေသများလည်း ဖြစ်သည်။