စစ်ကောင်စီ စစ်ကြောင်း နမ္မားဒေသအတွင်း တဲများ ဖျက်ဆီး၊ ရမ်းသန်း ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။

မိုးညှင်းခရိုင်၊ နန်းမားဒေသထဲသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် စိုက်ခင်းများထဲရှိ တဲများ ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လက်နက်ကြီး လက်နက်ငယ်များနှင့် ရမ်းသမ်း ပစ်ခတ်နေသည့်အတွက် ဒေသခံ များက စိုးရိမ်နေကြသည်။

နန်းမားဒေသအတွင်း မိုးညှင်းမှ ခလရ ၁၅၊ နမ္မား ခမရ ၃၈၅၊ ၃၈၆၊ ဟိုပင် ခလရ ၄၀ စုပေါင်း စစ်ကြောင်းက စစ် ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ်ပြီး စိုက်ခင်းများထဲက တဲများကို လိုက်လံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “အခြေအနေကတော့ သူတို့တဖက်ကပဲ သေနတ်တွေနဲ့ ပစ်နေတာပါ့။ နောက်တစ် ဖက်က ကင်းပုန်းဝပ်နေတာ။ ချောင်းနေတာပါ့။ သူတို့ဖြတ်ခဲ့တာကို ငါတို့ရွာသားတွေ့ မြင်ခဲ့တယ်” ဟု ပြော သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းပြ ၃ ဦးနှင့်အတူ စစ်ကား ၂ စီးက နန့်စော်လော်ကျေးရွာဘက်ကို စစ်ကြောင်း ထိုးဝင်ရောက်လာခြင်း ဖြစ် သည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

“အဲ့မှာ ရွာသားနှစ်ယောက်လား သုံးယောက် လား ပါခဲ့တယ်။ လမ်းပြပါ့အေ။ နန့်ရင်းချောင်းနဲ့ နန့်စော်လော် ချောင်းကြားမှာ သူတို့ဝပ်နေတာ ရှိတယ်။ အဲ့မှာ ရွာသားနှစ်ယောက်လား သုံးယောက်လား ပါခဲ့တယ်။ လမ်းပြပါ့ အေ။ နန့်ရင်းချောင်းနဲ့ နန့်စော်လော်ချောင်း ကြားမှာ သူတို့ဝပ်နေတာ ရှိတယ်။ သေချာ ပေါက် ဝပ်နေတာရှိတယ်။ ငါတို့နန်းခမ်းထိပ်ကနေ အသံပေးနေတာ မကြာမကြာ ငါ့တဲတော့ မီးလောင်သွားပြီ”
ဟု ပြောသည်။

နန်းမားဒေသထဲ ဝင်ရောက်လာသည့် စစ်ကြောင်းတွင် လူအင်အား ၅၀ ထက်မနည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက နန့်စော်လော်ကျေးရွာ နေရာအနီးတဝိုက်တွင် ကင်းပုန်းဝပ်နေသည့်အတွက် ရွာသား များကလည်း စောင့်ကြည့်နေကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။

ထို့အပြင် နန့်စော်လော်ကျေးရွာ အနီးအနားက ကျေးရွာများက အခင်းလုပ်နေသည့် ဒေသခံပြည်သူများလည်း ပိတ်မိနေပြီး ပိတ်မိနေသည့် လူဦးရေစာရင်းကိုမူ မသိရသေးဘူးဟု ဆိုသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အဆိုပါ နေရာထဲသို့ ဝင်ရောက်လာသည့် အတွက် ရွာသား အများစုကလည်း ထွက်ပြေးပုန်းရှောင်နေရခြင်းကြောင့် အခြေအနေများက ရှုပ်ထွေးနေသည်ဟု ဒေသခံများ က ပြောသည်။

အစပိုင်းတွင်း အခင်းများထဲက တဲများကို မီးရှို့နေသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နန့်စော်လော်ကျေးရွာကိုပါ မီးရှို့ရန် လုပ်နေသည်ကို အဝေးမှ မြင်နေရသည့်အတွက် ရွာသားများ စိုးရိမ်နေကြသည်။