စစ်ကောင်စီ တပ်ဖွဲ့က အရပ်သား ၃ ဦးကို ပစ်သတ်ပြီး မိသားစုဝင်များကို ဖမ်းထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ဒေသခံ အမျိုးသား ၃ သုံးယောက်ကို စစ်ကောင် စီက သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည့်အပြင် ကျန်မိသားစုဝင်များကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံ များက ပြောသည်။

တန့်ယန်းမြို့နယ်၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာခံ သားအဖ ၃ ဦးကို စစ်ကောင်စီက ဗုဒ္ဓဟူးနေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်တွင် ပစ်သတ်သွားခဲ့သည်ဟု အမည်မဖော်လိုသည့် တန့်ယန်းမြို့ခံ အမျိုး သား တစ်ဦးက ပြောသည်။

“ပစ်ခံရတာက ၂၂ ရက်နေ ညနေ ၃ နာရီလောက်မှာ။ ကျနော်တို့ကတော့ ဒီတိုင်းပဲ ဆေးရုံကို ယူလာတယ်။ ယူ လာတဲ့အခါကျတော့ ည ၇နာရီ ၄၀ မှာ သူတို့သားအဖသုံးယောက်ကို သွားရောက်စစ်ဆေးတဲ့အခါကြတော့ အငယ်ကောင်ကတော့ ကျည်ဆံက ခေါင်းကနေ ပွင့်သွားတာ။ ဘယ်ဘက်ခြေနောက်မှာ တစ်လုံးထိတယ်။ အငယ်ကတော့။ အကြီးကောင်ကတော့ သေနတ်ကျည်ဆံကတော့ ရင်ဘတ်မှာ နှစ်လုံး တည့်တည့်ထိတယ်။ အနောက်မှာ ပြန်ပွင့်တယ်။ ပြီးတော့ သူတို့အဖေကတော့ ခြေထောက် ဒူးနားမှာ တစ်ချက်ဝင်တယ်။ လက်မှတ် တစ်ချက်ဝင်တယ်။ နောက်ပြီးခေါင်းကလည်း သူ့ရဲ့ လည်ပင်းကျိုးသွားတာ။ အဲ့ဒါပဲ ကျနော်တို့ တွေ့တယ်။”

ပစ်သတ်ခံရလိုက်ရသည့် သားအဖ ၃ ဦး ခန္ဓာကိုယ်တို့တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ရင်ဘတ်၊ ခြေထောက်၊ လက်များတွင် ကျည်တွေထိထားသည့်အပြင် အဖေဖြစ်သူက ဇက် (လည်ပင်း) လည်း ကျိုးနေသည်ဟု မျက်မြင် တွေ့ ရှိခဲ့သူတစ်ဦးက ဆက်ပြောသည်။

“ကျနော်တို့ ကြည့်တဲ့ပုံစံကတော့ သူတို့ဝင်ပြီးမှ ဝင်စီးတယ်။ ဝင်စီးပြီးမှ ဒီလူတွေက ပြေးတာကို သိပြီးမှ အဲ့ဒါ ကို ပစ်လိုက်တာ။ အကုန်လုံးခြေထောက်ကိုထိတယ်။ ဆိုတော့ ခြေထောက်ထိပြီးမှ ခေါင်းတို့ ရင်ဘတ်တို့ ပြန် ပစ်တာ။ တစ်ယောက်ကို နှစ်ချက် နှစ်ချက်စီပေါ့ ကျနော်တို့ကြည့်လိုက်တာ သူ့ရဲ့ဒဏ်ရာပေါ့။”

သေဆုံးသွားသည့် သားအဖ သုံးဦး၏ ကျန်သည့် မိသားစုဝင်များကိုလည်း စစ်တပ်က ဖမ်းထားသည်ဟု သတင်း များ ထွက်နေသည်။ ယခုပစ်သတ်ခံလိုက်ရသည့် သားအဖသုံးဦးမှာ သေနတ်များ လုပ်သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု စစ်ကောင်စီဘက်က ပြောဆိုခြင်းများ ရှိနေသော်လည်း အဆိုပါစွပ်စွဲ ချက်မှာ မဖြစ်နိုင်ဘူးဟု ဒေသခံများက ပြောသည်။

“သူတို့မိသားစုကိုလည်း ဖမ်းသွားတယ်လို့ ပြောတယ်။ မနေ့ကကတည်းက အလောင်းက လာလုပ် လာကောက် ရမှာ လာမြုပ်ရမှာ။ အခုချိန်ထိ ဘယ်သူမှ မလာသေးဘူး။ ဆွေမျိုးတစ်ယောက်မှ မလာဘူး ဆိုတော့ စခန်းမှူးရဲ့ ပြောချက်အရက အဲ့အိမ်မှာ သေနတ်လုပ်တာတဲ့။ သူတို့က ပြတာက တူမီးသေနတ် လေးလက်၊ ပစ္စတို နှစ်လက် ရယ်၊ ပြီးတော့မှ ကျည်ဆံတို့ တွေ့ရှိခဲ့ပါတယ်။ ကျနော်အဲ့ဟာတွေနဲ့ ပတ်သက်တယ်လို့တော့ သိပ်တော့မထင် ဘူး။ တခြားဟာပဲ ကျနော်ထင်တာ။ ကျနော်ဆိုလိုချင်တာက သူတို့ပြေတာ သေနတ်ထုတ်လုပ်တယ်ဆိုတာက စက်ကိရိယာတွေရှိရမှာလေ။ ဘာမှ အဲ့ဒါတွေ မတွေ့ဘူး။ သေနတ်တစ်လက်လုပ်တာ လွယ်တဲ့အမျိုးမှ မဟုတ် တာ။ ကျနော်တို့ ပြန်သုံးသပ်တာ ဒီဟာက အကြံအဖန်လုပ်တာလား။”

သေဆုံးသွားတဲ့ သားအဖ ၃ ဦး၏ အိမ်မှ တိုမီးသေနတ် ၄ လက်၊ ပစ္စတို ၂ လက်နှင့် ကျည်ဆံများ တွေ့ရှိထား သည်ဟု စစ်ကောင်စီဘက်က ပြောဆိုခဲ့ကြောင်း၊ သေနတ်များ လုပ်နေသည့်လူများဖြစ်ကြောင်း ပြောဆိုခဲ့ သော် လည်း ဒေသခံများက မဖြစ်နိုင်သလို ယခုလက်နက်များ တွေ့ခဲ့သည် ဆိုသည့်ကိစ္စကိုလည်း မယုံဘူးဟု ဆိုကြ သည်။

မန်လွယ်ကျေးရွာမှာ စစ်တပ်နှင့် SSPP/SSA ရှမ်းတပ်တို့ကြားတွင်ရှိနေသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။ အသတ်ခံလိုက်ရသည့် သူများ၏ ကျန်မိသားစုဝင်များကိုလည်း စစ်ကောင်စီက မိုင်းပတ်စခန်းထဲတွင် ဖမ်းဆီး ထားခြင်းကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အချိန်အထိ အလောင်းများကို လာယူမည့်သူ၊ သင်္ဂြိုလ်ပေးမည့် သူ များ မရှိဘူးဟုဆိုသည်။ သေဆုံးသူ သားအဖ ၃ ဦး၏ ရုပ်အလောင်းများကို တန့်ယန်းမြို့က ရင်ခွဲရုံထဲတွင် ထား ထားသည်ဟု ဆိုကြသည်။

တန့်ယန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့၊ တအာင်းတပ် PSLF/TNLA နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တို့ စစ်ရေးလှုပ်ရှားလျှက်ရှိသည်။