ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီ စစ်ကြောင်း ခြုံခို တိုက်ခံရ၊ ၅ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။
တနင်္သာရီ – ကော့သောင်းသွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခြေလျင် စစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များဘက်က ပြောသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် ကော်သူးလေ တပ်မ တော် KTLA -Tanintharyi တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခွပ်ဒေါင်းတမန် အဖွဲ့ တာဝန်ရှိသူ က ပြောသည်။
ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်က ကမ္မလိုင်းရွာအခြေစိုက် ခမရ – ၅၅၈တပ်ကနေ လာကြ တာပါ။ ရေဖြူဘက်က စစ်ကူတွေ ထပ်ရောက်လာတော့ လက်နက်ခဲယမ်း မပြည့်စုံတာကြောင့် အရင် ပြန်ဆုတ် ခဲ့ရတယ်” ဟု ပြောသည်။
မတ်လ ၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တားပလပ်ကျေးရွာ အနီး ရေဖြူ ကျေးရွာဘက်မှ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်တိုင် ၆၆ တွင် ပူးပေါင်းတပ်ဖွဲ့မှ သတင်းအရ စောင့်ကြိုပြီး ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီနိးပါးခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးခန့် သေ ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိသည်ကို မြေပြင်သတင်းအရ သိရသည်ဟု ပူးပေါင်းအဖွဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ ဖြစ်သည့် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် KTLA tcjf – Tanintharyi တို့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
မတ်လ ၇ ရက်နေ့ တရက်တည်းမှာပင် တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပိုင်း၏ နေရာသုံးနေရာတွင် ပြည်သူ့ကာကွယ်တပ်ဖွဲ့များက စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြေလျင်စစ်ကြောင်းအား ခြုံခို တိုက်ခိုက်ခြင်းများနှင့် စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ပူးပေါင်း တပ်ဖွဲ့များဘက်က အတည်ပြုပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။