ရဲစခန်းအတွင်း လက်နက် သိမ်းဆည်းရာ အခန်း ပေါက်ကွဲမှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က ငရုတ်ကောင်း နယ်မြေရဲစခန်းအတွင်းက သက်သေခံပစ္စည်းများနှင့် ဖမ်းဆီးရ မိခဲ့သည့် လက်နက်များ သိမ်းဆည်းရာအခန်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွား သည်။

ကြာသပတေးနေ့ ည ၇ နာရီ ကျော်အချိန်ခန့်က ယင်းနယ်မြေရဲစခန်းရှိ သက်သေခံပစ္စည်းများ ထိန်းသိမ်းထား သည့် အခန်းအတွင်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ရာ အနီးတွင် ရှိနေသည့် ရဲတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ် သည်။

ရဲစခန်းအနီးက ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက “အုန်းကနဲ အုန်းကနဲ ပေါက်ကွဲသံ ဆက်တိုက် နှစ်ခါ ကြား ရတယ် အိမ် နဲ့ မြေကြီးတောင်တုန်သွားတယ် ဒုတိယ အသံက ပိုကျယ်တယ်” ဟု ပြောသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ရဲက ငရုတ်ကောင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး သက်သေခံပစ္စည်း များထားသည့် အခန်း လုံးဝပျက်စီးကာ ၎င်းအခန်းနှင့် ဘေးချင်းကပ် လက်နက် သိုလှောင်ရုံ အခန်းလည်း အမိုး နှင့် နံရံများ ပျက်စီးသွားခဲ့သည် ဟု ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။

ပေါက်ကွဲမှုကြောင့် သောကြာနေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ရဲတပ်ဖွဲမှူးနှင့် အဖွဲ့ လာရောက်ပြီး သက်သေခံ ပစ္စည်းခန်း တာဝန်ခံ ရဲအား အချုပ်ဖြင့် ထားရှိကာ စစ်ဆေး နေသည်ဟု ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက “သက်သေခံပစ္စည်း အခန်းထဲမှာ သိမ်းဆည်းထားတဲ့ ကျည်နဲ့ ယမ်းမှုန့်တွေ အပူ လွန်ကဲ ပြီးပေါက်ကွဲ ထားသိုတဲ့စနစ် မတတ်တာလည်းပါတယ်။ အခန်းထဲက ပစ္စည်းတွေ အကုန်နီးနီး ပျက်စီး သွားတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁၅ ရက်နေ့ ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေမြို့ သစ်တောတွင်းမှာ ရှိသည့် ဒေသခံ ကာကွယ်ရေးတပ်များ၏ တောတွင်းစခန်း တစ်ခုက လက်နက်ခဲယမ်းများကို စစ်ကောင်စီ တပ် က သိမ်းဆည်း ရမိခဲ့ဖူးသည်။

ယင်းတောတွင်း စခန်း က M 22 ပစ္စတို တလက်၊ ကျည်အိမ် တခု၊ ၉ မမ ကျည် ၂၂ တောင့်၊ ၁၂ ဗို့ လက်လုပ် သေ နတ် တလက်နှင့် ကျည် ၁၀ တောင့်၊ တူမီးတလက်၊ ဒူးလေး နှစ်လက်၊ ခဲသီး ၁၀၉ လုံး၊ မြား ၄၆ ချောင်း၊ ကန့်မှုန့် ငါးဆယ်ကျပ်သား၊ ယမ်းမှုန့် နှစ်ဆယ်သား၊ ယမ်းကြိုး ၂၀ ပေ တချောင်း၊ ဆိုလာ နှစ်ချပ်တို့ ကို သိမ်း ဆည်းမိခဲ့ ခြင်း ဖြစ်သည်။