စစ်ထောက်လှမ်းရေး ဆိုသူ ဆေးကျောင်းသားကို ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။
ဆေးကျောင်းတက်နေသည့် စစ်ထောက်လှမ်းရေး ဆိုသူတစ်ဦး ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပစ် ခတ်ရှင်းလင်းခံရသည်။
ဆေးကျောင်းတက်နေသူလည်း ဖြစ်၊ စစ်ဖက်ဆိုင်ရာ အရပ်ဘက် ထောက်လှမ်းရေးအဖြစ် တာဝန်ထမ်းဆောင် နေသူ တစ်ဦးလည်းဖြစ်သူ ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်ဟု PDF အဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။
စမ်းချောင်းမြို့နယ်၊ ဆီဆုံလမ်း၊ အမှတ် ၄၆ ရှိ ၎င်း၏ နေအိမ် ၌ ရှိနေစဉ် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့နှင့် Federal Union Front(FUF) တို့မှ မတ်လ ၂၀ ရက်နေ့၊ ညနေ ၅ နာရီအချိန်တိတိတွင် ပစ် ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း လှုပ်ရှားနေတဲ့ ပြောက်ကျားရဲဘော်တစ်ဦးက “၉ ချက်လောက် ပစ်လိုက်တယ် ပြောတယ်။ ၄ ချက် ထိတယ်တဲ့။ ထိတဲ့နေရာတွေက နံရိုးကြား ၂ ချက်၊ ကျောကုန်းနဲ့ ပေါင်နေရာတွေက တစ်ချက်စီ ထိ တာ။ ပွဲချင်းပြီးတော့ မဟုတ်ဘူး။ ဆေးရုံရောက်မှ သေတာ” ဟု ပြောသည်။
သေဆုံးသူ စစ်ထောက်လှမ်းရေးမှာ လက်ရှိ ဆေးတက္ကသိုလ် ၁ တွင် ဒုတိယနှစ် တက်ရောက်နေသည့် အသက် ၂၀ ကျော်ဝန်းကျင်အရွယ် ကိုဝင့်မိုးအောင် ဆိုသူဖြစ်ပြီး စီးပွားရးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၏ အငယ်ဆုံးသား ဖြစ်သည်ဟု PDF သတင်းအရင်းအမြစ်များက အတည်ပြုပြောသည်။
ထို့အပြင် ၎င်း၏ အဘိုးဖြစ်သူမှာ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်သည့်အပြင် အကြီးဆုံး အစ်မ ဖြစ်သူမှာ လည်း စစ်အင်ဂျင်နီယာ ဗိုလ်မှူး၏ ဇနီးဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက “အဲ့ကောင်လေးက တော်တော်စွာတဲ့အထဲ ပါတယ်။ သူတို့က ကိုယ်ပိုင်ကား ကျောင်းအကြို/အပို့နဲ့ နေ့ချင်းပြန်ရတယ်။ စိုးဝင်းကိုယ်တိုင်က ပစားပေးတဲ့ အဖွဲ့ထဲမှာ ပါတယ်။ ဆယ်တန်း တုန်းက စိုးဝင်းကိုယ်တိုင် လက်မှတ်ထိုးနဲ့ ချီးမြှင့်ထားတဲ့ ဆုတံဆိပ်တွေလည်း ရှိတယ်။ ထောက်လှန်းရေး သင် တန်းမှာလည်း စိုးဝင်းနဲ့ အမြဲတွေ့ဆုံရတာတွေ ရှိတယ်။” ဟု ပြောသည်။
စစ်ဘက်ဆိုင်ရာ အရပ်ဘက် ထောက်လှမ်းရေး ကိုဝင့်မိုးအောင်သည် မြို့ပြပြောက်ကျား တပ်ဖွဲ့(UG)များ၊ ဆေး တက္ကသိုလ်မှ CDM ဝန်ထမ်းများနှင့် CDM ကျောင်းသူ/သားများကို ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည် ဟု FUF တာဝန်ရှိသူများက ပြောသည်။
သို့ဖြစ်၍ ၎င်းတို့အဖွဲ့ထံတွင် ကိုဝင့်မိုးအောင် ကျူးလွန်ခဲ့သည့် လုပ်ရပ်များအတွက် သက်သေအပြည့်စုံ ရှိသော် လည်း သတင်းပေးသူ၏ လုံခြုံရေးအရ ပြည်သူထံသို့ ချပြ၍ မရဘူးဟု ဆိုသည်။
၎င်းသေဆုံးပြီးနောက်တွင် ဆီဆုံလမ်းကို ရဲနှင့် စစ်ကောင်စီတပ်သားများက ပိတ်ဆို့ထားပြီး ၎င်း၏နေအိမ်ကို လည်း မတ်လ ၂၃ ရက်နေ့ (ယနေ့) အချိန်ထိ လုံခြုံရေးယူထားပေးသည်ဟု အနီးအနားနေထိုင်သူများက ဆိုသည်။
စစ်ထောက်လှမ်းရေးဟု ဆိုသူ ကိုဝင့်မိုးအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် PDF အထူးတပ်ဖွဲ့နှင့် FUF တပ်ဖွဲ့မှ ရဲဘော်များသည် အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပြီး ရှေ့ဆက် ၍လည်း စစ်ကောင်စီ သတင်းပေး ထောက်တိုင်များအား ခြေသံလုံလုံဖြင့် ပစ်ခတ်ရှင်းလင်းသွားမည်ဟု သတိပေး ပြောဆိုထားသည်။