တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၇ – ၃ – ၂၃ )

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေကြတဲ့ မံစီမြို့နယ်အတွင်းက မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းခွင်ရှိ တဲတွေကို ဒေသခံရွာသားတွေက အင်အားအလုံးအရင်းနဲ့ ဖျက်ဆီးခဲ့ကြပါတယ်။ 

မွန်ညီညွတ်ရေးပါတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ 

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်ကိုအကြောင်းပြုပြီး ပအိုဝ်းနဲ့ကရင်နီတိုင်းရင်းသားတွေအကြားမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေမှုတွေကို သတိပြုကြဖို့ ပအိုဝ်းနဲ့ ကရင်နီခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။