လူမျိုးရေး ပဋိပက္ခ သတိပြုရန် လူမျိုးစု ခေါင်းဆောင်များ သတိပေး
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နန်းနိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို အကြောင်းပြုပြီး ပအိုဝ်းနဲ့ ကရင်နီတိုင်းရင်းသားတွေအကြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေမှုတွေကို သတိပြုကြဖို့ ပအိုဝ်းနဲ့ကရင်နီ ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။