မီးထဲပါသွားတဲ့ နေအိမ်များ ပြန်ဆောက်ရန် အကူအညီများလိုအပ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအနီးက ဂျေယန့်စစ်ဘေးဒုက္ခသည်စခန်းအတွင်းက မီးလောင်မှုထဲပါသွားတဲ့ အိမ် ၄၀ နီးပါး ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။