လူထု ဖျက်ဆီးခဲ့သည့် မြေရှားတူးဖော်ရေး လုပ်ငန်း ထွက်ခွာသွားခြင်း မရှိသေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေကြတဲ့ မံစီမြို့နယ်အတွင်းက မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းခွင်ရှိ တဲတွေကို ဒေသခံရွာသားတွေက အင်အားအလုံးအရင်းနဲ့ ဖျက်ဆီးခဲ့ကြပေမဲ့လည်း ရပ်ဆိုင်းသွားခြင်း ထွက်ခွာသွားခြင်းမျိုး မရှိသေးဘူးလို့ ပြောပါတယ်။