ဧရာဝတီမြစ်ကြောင်းအတိုင်း လာသော စစ်ကောင်စီ တပ်သားများက ရွာအား ပစ်ခတ် မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်။

ကသာမြို့မှ ထီးချိုင့်မြို့နယ်သို့ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသော စစ်သားများ တင်လာသည့် သံခွံမော်တော်သည် ကျေးရွာတစ်ရွာအား သေနတ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာပြီး မီးရှို့သွားသည်ဟု ဒေသခံများ က ပြောသည်။

အဆိုပါ စစ်သားများ စီးနင်းလိုက်ပါလာသည့် သံခွံမော်တော်သည် နီကယ်ဆိပ်ကမ်းအနောက်ဘက်၊ ထီးချိုင့်မြို့ နယ်အတွင်းက ညောင်ပင်သာကျေးရွာထဲ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်လာပြီးနောက် ညောင်ကုန်းရပ် ကွက်မှ စတင်၍ မီးရှို့ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့က ဖြစ်စဉ်နှင့် ပတ်သက်၍ “သုံးနေရာ ခွဲရှို့တာ။ မြို့ကုန်းဆိုတဲ့ ရပ်ကွက်နေ အရင်စရှို့တာ။ အဲ့ဒီရွာက ရွာကြီး။ သူတို့မှာက မြို့ကုန်းတို့၊ ငါးထပ်ကုန်းတို့ ကျွန်းကြီးကုန်းတို့ ဆိုတာမျိုးရှိတယ်။ အဲ့ဒါကို မြို့ ကုန်းကို အရင် စရှို့တာ။ မနက် ၉ နာရီလောက်ကနေ ရှို့တာ။ နေ့လည်အထိပဲ” ဟု ပြောသည်။

သံခွံမော်တော်သည် မတ်လ ၃၀ ရက်နေ့က နီကယ်ဆိပ်ကမ်းအနောက်ဖက် ညောင်ပင်သာကျေးရွာအနီး ကျွန်း ကြီးကုန်းအား နံနက် ၆ နာရီခွဲ အချိန်၌ ဝင်ရောက်လာပြီး နံနက် ၈ နာရီခွဲအချိန်၌ ထီးချိုင့်မြို့နယ် ညောင်ပင်သာ ကျေး ရွာအား သေနတ်များဖြင့် ပစ်ခတ်ဝင်ရောက်လာခြင်း ဖြစ်သည်။

ထို့နောက် နံနက် ၉ နာရီအချိန်တွင် ညောင်ပင်သာ ကျေးရွာအုပ်စု မြို့ကုန်းရပ်ကွက်မှ စတင်မီးရှို့ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်အထိ မီးရှို့နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၈ နှစ်ခန့်အရွယ် ဒေသခံအမျိုးသား တစ်ဦးက “ထမင်းစားနားလိုက်၊ ပြန်ရှို့လိုက်တဲ့။ မီးတွေလည်း လောင်နေတာ သူတို့ကလည်း ရွာထဲ ရှိနေတော့ ဘယ်သူမှ မဝင်ရဲဘူး။ နေရာကလည်း သုံးနေရာ ခွဲရှို့တာပေါ့ ဗျာ” ဟု ပြောသည်။

ညောင်ပင်သာကျေးရွာ၊ မြို့ကုန်းရပ်ကွက်အား မီးရှို့ခဲ့သည့် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသော စစ်သားများ တင်လာသော သံခွံမော်တော်ပေါ်တွင် စစ်သားအင်းအား ၇၅ ဦးခန့် ပါဝင်နိုင်သည်ဟု ဒေသခံအချို့က ပြောသည်။

ညောင်ပင်သာကျေးရွာအတွင်း မီးရှို့ခံရမှုကြောင့် နေအိမ် အလုံးရေ မည်မျှ မီးထဲပါသွားသည်ကို မသိရသေး ဘူးဟု ရွာသားများက ဆိုသည်။

ညောင်ပင်သာကျေးရွာအား မီးရှို့သွားသောသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၃၀ ရက်နေ့ နေ့လည် ပိုင်း ၁၂ နာရီကျော်အချိန်တွင် ကျွန်းကြီးကုန်းကျေးရွာဖက်သို့ ပြန်ဆုတ်နေပြီး စစ်တပ်၏ လက်နက်ကြီး/လက် နက်ငယ်များ ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးလည်း ထိမှန်သေဆုံးသွားသည်ဟု ဆိုကြသည်။