မောတောင် အနီးတိုက်ပွဲများကြောင့် အရပ်သား ၂၀၀၀ ခန့် စစ်ရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်။

တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်းနယ်စပ် ထုံခါ-မောတောင် လမ်းပိုင်းတွင် ၃ ရက်အတွင်း စစ်ကောင်စီတပ် နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲ ၆ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား ၂၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေ ကြရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

တိုက်ပွဲများကြောင့် တနင်္သာရီမြို့နယ် မောတောင်လမ်းမပေါ်ရှိ သိန်ခွန်းကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ရေဖြူ၊ ထုံခါ၊ ချောင်းနှစ်ပေါက်၊ သိန်ခွန်းကျေးရွာများမှ ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူအပြုရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “စစ်ရှောင်တွေက တိုး လာတာပဲရှိတယ်။ လျော့သွားတာ မရှိဘူး။ စစ်တပ်နေ့တိုင်း လှုပ်ရှားမှုတွေရှိတော့ စစ်ရှောင်ဦးရေကလည်း နေ့ ချင်းညချင်းပဲ တိုးလာတာပါ။ ရွာတွေထဲကို စစ်တပ်က ထိုးဝင်၊ လက်နက်ကြီးတွေနဲ့ ပစ်ဆိုတော့ တိုးတာပဲ ရှိ တယ်” ဟု ပြောသည်။

ရေဖြူ၊ ထုံခါ၊ ချောင်းနှစ်ပေါက်၊ သိန်ခွန်းကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိအချိန်အထိ နေရပ်ကို မပြန်ရဲကြသေးကြောင်း စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်အထိ တစ်နာရီနီးပါးကြာ တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်းသေဆုံးကာ အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိ သွားခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းဖွဲ့များ ဘက်ကမူ အထိအခိုက်အကျအဆုံး မရှိကြောင်း ထုတ် ပြန်ချက် ၆/၂၀၂၃ ဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း – ၂ က ထုတ်ပြန်ထားသည်။

KTLA -tcjf ကျားကြီးကွန်မန်ဒို တပ်ဖွဲ့တာဝန်ရှိသူက “စစ်ကောင်စီဘက်က အကျအဆုံးများရတာက စနစ်တကျ အကွက်ချ စီစဉ်ထားတဲ့ မိုင်းတွေကြောင့်အဓိကပါပဲ” ဟု ပြောသည်။

တိုက်ပွဲများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း -၂ တပ်ခွဲ (၁)၊ KNU၊ ကော်သူးလေ တပ်မ တော် KTLA တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

မတ်လ ၃၁ ရက်နေ့ကလည်း တနင်္သာရီ-မောတောင် ကားလမ်းအတိုင်း နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်၊ BGF အဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များကို PDF မဟာမိတ်တပ်ပေါင်းစုက သိန်ခွန်း ကျေးရွာ အနီးတဝိုက်တွင် နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် တစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီအချိန်ခန့် တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် KTLA-tcjf ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဧပြီ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအချိန်ခန့်အထိ နှစ်ဖက်ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂ တပ်ခွဲ -၁ က သတင်းထုတ်ပြန်ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ် ရာရသူအများအပြားရှိခဲ့သည်ဟု ဖေါ်ပြထား သည်။

မတ်လ ၂၉ ရက်နေ့မှ စတင်၍ ဧပြီ ၂ ရက်နေ့အထိ သိန်ခွန်းကျေးရွာအုပ်စုအတွင်း နေ့စဉ် တိုက်ပွဲများ ဖြစ်ပေါ်နေ ပြီး ဧပြီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ အရေးပါသည့် ရေဖြူဗျူဟာကုန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဧပြီ ၃ ရက်နေ့၊ ညနေပိုင်းတွင် နယ်စပ်ဒေသသွား တနင်္သာရီ – မောတောင်လမ်းပေါ်ရှိ သဲဖြူကျေးရွာဘက်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုး ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။