ကြံခင်း လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဗုံးခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။

တောင်သူများအား စိုက်ပျိုးရေးစရိတ်ချေးငွေများ ပြန်ဆပ်ခိုင်းနေသည့် ကြံခင်းမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် ဗုံးခွဲခံလိုက်ရသည်ဟု မြို့ခံများက ပြောသည်။

တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေများ ပြန်မဆပ်ပါက လယ်ယာများကို သိမ်းမည်ဟု ခြိမ်းခြောက် ထား သော ကြံခင်းမြို့က မြန်မာ့လယ်ယာ ဖွံ့ဖြိုး‌ရေးဘဏ် ဗုံးခွဲခံရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“လယ်သမားတွေကို သက်သာချောင်ချိရေးအတွက်‌ ချေးငွေရယ် COVID ချေးငွေတွေကို အဓမ္မ ပြန်ဆပ်ခိုင်း နေ တာ။ ပြန်မဆပ်နိုင်ရင် လယ်သိမ်းမယ်၊ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက် တောင်းနေတာ။ အဲဒါကြောင့် သတိပေး တဲ့ အနေနဲ့ လုပ်လိုက်တာ” ဟု ကြံခင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဧပြီလ ၉ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်က ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ကမ်းနားလမ်းတွင် ရှိသည့် မြန်မာ့ လယ် ယာ ဖွံ့ဖြိုးရေးဘဏ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် ၆၀ ခန့် လယ်သမားတစ်ဦးက “စိုက်ဘဏ်က ဝန်ထမ်းတွေကပဲ အတိုးနဲ့ ပြန်ချေးပြီး လယ်သမားတွေရဲ့ ချေးငွေကို စိုက်ဆပ်တယ်ပေါ့။ နောင်နှစ် အတွက်ပြန်ပြီးချေး‌ ငွေထုတ်ပေါ့ အဲဒါကို ဆပ်ထုတ်လုပ်တယ်လို့ ခေါ် တယ်။ လယ်သမား လက်ထဲ ငွေမရောက်ပေမယ့် ဝန်ထမ်းတွေကတော့ အတိုးရသွာတယ်” ဟု ဆိုသည်။

ကြံခင်းမြို့က မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ်ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွါးပြီးနောက် စစ်ကောင်စီလက်‌ အောက်ခံ စစ်သားနှင့် ရဲများ လာရောက် စစ်ဆေးခဲ့ရာ လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

အဆိုပါ ဖောက်ခွဲမှုကို ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) က ၎င်းတို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည် ဟု သတင်းထုတ်ပြန်သည်။

ကြံခင်းမြိုနယ် ပြည်သူ့ကာကွယ်တပ်ဖွဲ (ပကဖ) သည် ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲတွင် အဓိက ပါဝင်ဆောင်ရွက်ပေးနေသော မြို့နယ်အုပ်ချုပ်ရေးမှူး၏ နေအိမ်အား အဝေးထိန်းမိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထို့အတူ ဧပြီလ ၂ ရက်နေ့ကလည်း ဝါးခယ်မမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ် (စိုက်ဘဏ်) အား ဝါးခယ်မ ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အဖွဲ့နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့က ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြ သေးသည်။

ဆက်လက်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော နေရာများသို့ အသွားအလာ ဆင်ခြင်ပေး ကြရန် နှင့် စစ်ကောင်စီက ကျင်းပမည့် အဓမ္မပျော်ပွဲသင်္ကြန်တွင် ပူးပေါင်းပါဝင်ခြင်း မလုပ်ကြရန် ထုတ်ပြန် တိုက်တွန်းထားသည်။