ဖမ်းဆီးခံရသူနှစ်ဦး မိသားစုနှင့် တွေ့ဆုံခွင့်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ကလိန်အောင်မြို့က ဒေသခံအမျိုးသားနှစ်ဦး နှစ်ရက်ကြာသည်အထိ မိသားစု နှင့် တွေ့ဆုံခွင့်မရသေးဘူးဟု နီးစပ်သူများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဧပြီလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဒေသခံ အမျိုးသား နှစ်ဦးကို နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက “နေအိမ်တွေမှာ လာဖမ်းသွားကြတာ၊ စစ် ဆေးစရာရှိတယ် ခဏလိုက်ခဲ့ပြောပြီး ခေါ်ဆောင်သွားတာ။ မိသားစုတွေကတော့ စိတ်ပူနေကြတယ်” ဟု ပြော သည်။

ဧပြီလ ၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် အဆိုပါအမျိုးသားကို ဧပြီလ ၁၀ ရက်နေ့အထိ မိသားစုနင့် တွေ့ခွင့် မပေးသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု သူမက ဆက်ပြောသည်။

အဖမ်းဆီးခံရသူများမှာ ကလိမ်အောင်မြို့၊ အမှတ် ၁ ရပ်ကွက်နေ ကိုလေးမြင့် အသက် ၄၀ နှစ် နှင့် အမှတ် ၂ ရပ် ကွက်မှ ဦးဖြူ အသက် ၅၀နှစ်တို့ ဖြစ်ကြသည်။

၎င်းအမျိုးသား နှစ်ဦးကို ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က ဖမ်းသွားပြီး ကလိန်အောင် မြို့မရဲစခန်း တွင် စစ်ဆေးနေပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးသေးခြင်း ဖြစ်သည်။

ကိုလေးမြင့်နှင့် ဦးဖြူတို့နှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ ယနေ့အချိန်ထိ မသိ ရသေးပေ။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကတည်းက ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည့် အမျိုးသမီး နှစ်ဦးသည်လည်း ဧပြီလ ၁၀ ရက်နေ့၊ နံနက်ပိုင်း အချိန်ထိတိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးဘဲ ကလိန်အောင် ရဲစခန်းအတွင်း ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။