PDF အမည်ခံ အလှူခံသူကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်။
လောင်းလုံး PDF အမည်သုံးကာ လိမ်ညာအလှူခံနေသူကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်သည်ဟု အဖွဲ့ တာ ဝန်ရှိသူက ပြောသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည် အသုံးပြုပြီး လိမ်ညာအလှူခံနေသူ လူငယ်တစ်ဦးကို ဖမ်းမိ ရာ ခံဝန်ထိုးခိုင်းပြီးနောက် မိဘအုပ်ထိန်းသူမှ တဆင့်ပြန်လွှတ်ပေးလိုက်သည်ဟု LLPDF အဖွဲ့က ထုတ်ပြန်ထား သည်။
LLPDF တပ်ဖွဲ့တာဝန်ရှိသူတဦးက “ဖမ်းမိသူရဲ့ အုပ်ထိန်းသူ မိဘတွေကို ခေါ်ယူပြီး နောက်နောင် PDF အမည်ခံကာ လိမ်လည်အလှူခံခြင်း လုံးဝ မပြုလုပ်တော့ပါကြောင်းနဲ့ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် LLPDFတပ်ဖွဲ့က ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်ဆိုတာကို သိရှိပါကြောင်း ခံဝန်ထိုးခိုင်း ဆိုဆုံးမပြီး ပြန်လွှတ်ပေးခဲ့ပါ တယ်” ဟု ပြောသည်။
ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က LLPDF ရဲဘော်တစ်ဦးအဖြစ် လိမ်ညာဟန်ဆောင်ပြီး အလှူခံနေသူ အသက် ၂၀ ခန့်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးမိသည်ဟု ဧပြီလ ၁၀ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူငယ်သည် လူမှုကွန်ယက်စာမျက်နှာ Facebook တွင် “ငါချစ်သောနင် နင်မချစ်သောငါ” အကောင့်
ဖြင့် ငွေကြေးအလှူခံထားသည့် သက်သေ အထောက်အထားများဖြင့် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု LLPDF တာဝန် ရှိသူက ပြောသည်။
ထို့အပြင် ဖမ်းဆီးရမိခဲ့သည့် လူငယ်နှင့်အတူ လက်လုပ် Gas သေနတ်တစ်လက်နှင့် အလှူခံရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
လွန်ခဲ့သည့် ၃ လခန့် ကတည်းက ငွေကြေး လိုအပ်ချက် အခက်အခဲများကြောင့် အွန်လိုင်းမှ တဆင့်အလှူခံနေ ခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားကာ ဝန်ခံထွက်ဆိုနေသည့် ရုပ်သံမှတ်တမ်းများနှင့်အတူ ပူးတွဲ ထုတ်ပြန် ထားခြင်း ဖြစ်သည်။
သက်သေခံပစ္စည်းများဖြစ်သည့် လက်လုပ် Gas သေနတ်တစ်လက်၊ အလှူခံရာတွင် အသုံးပြုထားသည့် လက် ကိုင်ဖုန်း တစ်လုံး နှင့်မှတ်ပုံတင် ၁ ချပ်(ယာယီ)ကို သိမ်းဆည်းထားခဲ့သည်ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းအတွင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဲ့သို့ အွန်လိုင်းမှ ငွေအလှူခံခြင်းနှင့် ခြိမ်း ခြောက် ငွေတောင်းခံခြင်းများမှာ မကြာခဏပွားလေ့ရှိကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် PDF တပ်ဖွဲ့အမည်များဖြင့် အလှူခံမှုများ ရှိခဲ့သည့်အခါ သေချာစိစစ်ပြီးမှ ထောက်ပံ့ လှူဒါန်းကြရန်၊ လိမ်လည်အလှူခံသူများ ရှိပါကလည်း သတင်းပေးတိုင်ကြားကြရန်နှင့် လှူဒါန်းလိုပါက လောင်း လုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF page ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း ရေးသား အသိ ပေးထားသည်။
ပြီးခဲ့သည့် မတ်လအတွင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် – ပကဖ အဖွဲ့ အမည်ကို အသုံးပြု၍ ကျေး ရွာနေ ပြည်သူများထံ ဖုန်းဆက် ခြိမ်းခြောက်ကာ အဖွဲ့တစ်ဖွဲ့က ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ဧပြီလ ၄ ရက်နေ့က ကျွန်းစု-ပကဖ ကလည်း အသိပေး ထုတ်ပြန်ခဲ့သေးသည်။