မူးယစ်ဆေး ရောင်းသူ စစ်မှုထမ်းဟောင်းကို LLPDF ရှင်းလင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းက မူးယစ်ဆေးဝါးများ ရောင်းချနေသည့် စစ်မှုထမ်းဟောင်းတစ်ဦးကို လောင်းလုံး PDF က ပစ်ခတ် ရှင်းလင်းလိုက်သည်ဟု ကြေညာချက် ထုတ်ပြန်သည်။

ပစ်ခတ်ခံရသူမှာ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာတွင် နေထိုင်သူ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဦးမျိုးမောင် ဆိုသူ ဖြစ်ပြီး မူးယစ်ဆေးဝါးကို လက်လီလက္ကား ဖြန့်ဖြူးရောင်းချနေသည့် ဒိုင်တစ်ဦးဖြစ်သည်ဟု ဒေသခံရွာသား များက ပြောသည်။

လောင်းလုံ PDF (LLPDF) အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက “သူ့အိမ်ကို သွားရောက် စစ်ဆေးတဲ့အခါမှာ မူးယစ်ဆေးဝါးတွေနဲ့ လက် နက်တွေ တွေ့ရတယ်။ အပြင် ခေါ်ထုတ် လာပြီး သူ့ကိုဆက်ထားလို့မရတဲ့ အခြေအနေကြောင့် လမ်းမှာရှင်းလင်း လိုက်တာ” ဟု ပြောသည်။

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာမှ ဦးမျိုးမောင်ကို ဧပြီ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်က ပစ်ခတ် ရှင်း လင်းခဲ့ခြင်း ဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF က စာအမှတ် ၁၃၈/၂၃ ဖြင့် သတင်းထုတ်ပြန်ထားသည်။

ဦးမျိုးမောင်သည် စစ်ကောင်စီတပ်နှင့် အကျိုးတူ ပူးပေါင်းကာ မူးယစ်ဆေးဝါးများ ရောင်းချလျက်ရှိနေပြီး လက် နက်လည်း ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်သည်။

အဆိုပါ လက်နက်ဖြင့် ဦမျိုးမောင်သည် ၎င်းနေထိုင်သည့် ကျေးရွာအတွင်း တခါတရံ သေနတ်ပစ်ဖောက်ခြင်း များကို လုပ်ဆောင်နေသူလည်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးမျိုးမောင်သည် စစ်ကောင်စီတပ်နှင့် အမြဲတွေ့ဆုံ ဆက်ဆံနေသူဖြစ်ပြီး လောင်းလုံးမြို့နယ်အတွင်း မူးယစ် ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ကြရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ် ကြောင်းကို LLPDF အဖွဲ့က အကြိမ်ပေါင်းများစွာ ထုတ်ပြန်သတိပေးထားပြီးလည်း ဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူ က ပြောသည်။

စစ်မှုထမ်းဟောင်း ဦးမျိုးမောင်၏ နေအိမ်အတွင်းမှ သေနတ် အရှည် ၁ လက်၊ ပွိုင့် ၂၂ အတို ၂ လက်၊ ဂက်စ်သေ နတ် ၁ လက်၊ ဘော်ကာကျည် ၃ တောင့်၊ ပွိုင့် ၂၂ ကျည် ၁၇ တောင့်၊ ဓား ၂ လက်နှင့် လေးခွ ၁ လက် တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် WY ဆေးပြား ၂၃၂ ပြား၊ Ice မူးယစ်ဆေး ထုပ်သေး ၁ ထုပ်၊ မှတ်ပုံတင် ၁ ခု၊ ယဉ်မောင်းလိုင်စင် ၁ ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ငွေ ၂၄၅၀၅၀ ကျပ် နှင့် မူးယစ်ဆေး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့သည်ဟု LLPDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။