အထိနာလာသော စစ်ကောင်စီတပ်က နေအိမ် မီးရှို့ ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်။
ဘီးလင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့ပြီးနောက် အထိနာခဲ့သည့် စစ်တပ်က ကျေးရွာအတွင်း ရှိ ပြည်သူများ၏ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးနေသည့်အပြင် လက်နက်ကြီးကျည်များဖြင့်ပါ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးအလယ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၈ နာရီခွဲ ဝန်းကျင် အချိန်ခန့်က ဘီးလင်းမြို့နယ် အလူးလေးအလယ်ရွာတွင် စစ်ကောင် စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ သည်။
ထို့နောက် စစ်တပ်က “တိုက်ပွဲဖြစ်ပြီးတော့ စကစဘက်က နေအိမ် ၃ လုံးကို မီးရှို့လိုက်တယ်။ ပြီးတော့ လက် နက်ကြီးတွေနဲ့လည်း ထုတယ်။ လက်နက်ကြီးကျလို့ အလူးရှေ့ရွာသား ၁ ယောက် ဒဏ်ရာရသွားတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
အလူးလေးအလယ်ရွာတိုက်ပွဲတွင် အထိနာသွားခဲ့သည့် စစ်ကောင်စီတပ်က ကျေးရွာအတွင်းက ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးကျည်များဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်တို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အလူးအရှေ့ကျေးရွာထဲတွင်လည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံရွာသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့နောက် ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်မံစစ်ကြောင်းထိုး ရောက်ရှိလာပြီး ကျေးရွာအတွင်း နေရာအနှံ့တွင် အင်အားဖြန့်ကျက်ထားသည့်အပြင် လက်နက်ကြီးများဖြင့် လည်း ဆက်လက်ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း တပ်စွဲထားသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အ တွက် အလူးလေးကျေးရွာနှင့် အနီးနားဝန်းကျင်က ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။