ပဇီကြီး ဗုံးကြဲ တိုက်ခိုက်မှု သေဆုံးသူ ၁၇၀ ကျော်သွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၇၀ ကျော်သွားပြီဟု ဒေသခံများက ပြောသည်။

ပဇီကြီးကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်များ အပါအဝင် အရပ်သားများ အစုလိုက် အပြုံလိုက် သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တပ်က NUG ရုံးကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ဧပြီလ ၁၁ ရက်နေ့တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ကျင်းပနေချိန် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်ပြီး စစ်တပ်က NUG ရုံးကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဧပြီလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ တဆင့် ဝန်ခံလိုက်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲဒီ ပဇီကြီးကျေးရွာမှာ NUG/CRPH အမည်ခံအဖွဲ့ သူတိုပပြောနေတဲ့ ရုံးခန်းဖွင့်ပွဲ ဆိုတဲ့ဟာ လုပ်ပါတယ်။ ပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ၊ PDF အမည်ခံ အဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲဆိုတဲ့ ဟာ လုပ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီဟာနဲ့ ပတ်သက်ပြီး တိုက်ခိုက်မှု ရှိပါတယ်။ တိုက်ခိုက်မှု ရှိတဲ့အခါမှာ တော့ ကျနော်တို့ ဒီအခမ်းအနားမှာ ရှိနေတဲ့ PDF အမည်ခံအဖွဲ့တွေ သေဆုံးတယ် ဆိုတာလည်း ကျနော်တို့ သိရ ပါတယ်။ ဒါပြောရမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုကို ဆန့်ကျင်လုပ်ဆေင်နေတဲ့ အဖွဲ့တွေပဲ ဖြစ် ပါတယ်” ဟု ပြောသည်။

လေယာဉ်ဖြင့် ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသည့် အလောင်းများကိုကောက်ပြီး မီးသင်္ဂြိုလ်မှုများ လုပ်နေချိန် စစ်တပ်က လေကြောင်းမှတဆင့် ထပ်မံ လာရောက်ဗုံးကြဲခဲ့သောကြောင့်လည်း သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ထပ်ရှိခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

မီးသင်္ဂြိုလ်ရာတွင် ပါဝင်ခဲ့သည့် မြေပြင် သတင်းအရင်းအမြစ်က “အလောင်းတွေ ကောက်ပြီး မီးသင်္ဂြိုလ်ပေး နေတာ ၁၇၀ ကျော်သွားပြီ။ ၁၃၀ ကျော်က ခြေပြတ်လက်ပြတ်တွေ မဟုတ်ဘူး။ ကျန်တာကတော့ ခြေပြတ် လက်ပြတ်တွေပေါ့။ ကျနော်တို့ကတော့ အကုန်ကောက်ပြီး အခင်းဖြစ်ခဲ့တဲ့ အဆောက်အအုံထဲ မီးရှို့ခဲ့ရတာမျိုး ပါ။ အားလုံးလိုင်း ပုံတွေတက်လာတာ တွေ့မှာပါ။ တော်တော်အခြေအနေဆိုးတာ။ တချို့အလောင်းတွေက ရုပ် တောင် ဖော်လို့မရတာတွေလည်း ပါတယ်” ဟု ပြောသည်။

ဧပြီလ ၁၃ ရက်နေ့အထိ နောက်ဆုံးအခြေအနေအရ သေဆုံးသူ ၁၆၀ ကျော်ရှိသွားပြီဖြစ်ပြီး သေဆုံးမှုထဲ ပဇီ ကြီးကျေးရွာ၊ ရှာသာယာရှာကျေးရွာ၊ လေးတွင်ဇင်ကျေးရွာ၊ မယ်ဇတောကျေးရွာ၊ မလယ်ကျေးရွာနှင့် ထနောင်း ကိုင်းကြီးကျေးရွာက ဒေသခံရွာသားများ ဖြစ်သည်ဟု ဆိုသည်။

ပဇီကြီးကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအယောက် ၃၀ ကျော် အပါအဝင် အနည်း ဆုံး လူ ၁၆၀ ကျော် သေဆုံးခဲ့ရသည့်အတွက် ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီနှင့် နော်ဝေးနိုင်ငံများက စစ်ကောင် စီတပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြပြီး တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုထားကြသည်။

ထို့အပြင် ပဇီကြီးကျေးရွာက ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အာဆီ ယံနိုင်ငံများက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချကြောင်း အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာ လိုက်သည်။

အရပ်သား ပြည်သူများကို အင်အားသုံး တိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု အားလုံးကို ချက်ချင်း ရပ်တန့်ရန် လိုအပ်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ရပ်တန့်နိုင်မှသာ မြန်မာနိုင်ငံတွင် ရေရှည်တည် တံ့သည့် ငြိမ်းချမ်းရေးရအောင် အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ လုပ်နိုင်သည့် အခြေအနေ ရောက်လာမှာ ဖြစ် သည်ဟု အာဆီယံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။