ဧရာလှိုင်း စစ်ဆင်ရေးအဖြစ် တပ်ရင်းစခန်းအား လောင်ချာ၊ ဗုံးသီးတို့ဖြင့် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
မြန်အောင်မြို့အခြေစိုက် အမှတ် (၅၁) ခြေလျင်တပ်ရင်းအား ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီးတို့ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းက ပြောသည်။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ရှိ ခလရ(၅၁) ဝန်းအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သား များ၏ လိုင်းခန်းများ၊ ရုံးအဆောက်အအုံများအပြင် လက်နက်တိုက်နှင့် ဗဟိုကင်းနေရာတို့အား ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူများက ပြောသည်။
စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် တပ်ခွဲ (၁)မှ ရဲဘော်တစ်ဦးက “ရန်သူ့တပ်ဝန်းထဲမှာဆိုတော့ ပစ်မှတ်တွေကို ဘယ် လောက်တိတိကျကျ ထိမှန်သလဲ ဆုံးရှုံးမှု ဘယ်လောက်ရှိလဲ ဆိုတာတော့ မသိရဘူး။ စစ်ဆင်ရေးကို အကောင်း ဆုံးနဲ့ အဖွဲ့သားတွေ ထိခိုက်မှုမရှိဘဲ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။
မြန်အောင်မြို့ရှိ ခလရ(၅၁) ဝန်းအတွင်းရှိ အဆောက်အအုံများကို ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ နံနက်အစောပိုင်း ၄ နာရီ အချိန်ခန့်တွင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ဟင်္သာတ ခရိုင်တပ်ရင်း၏ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၃) တို့က ဧရာလှိုင်း စစ်ဆင်ရေးကို စတင်လိုက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ခလရ (၅၁) အနီးတွင် နေထိုင်သူ တစ်ဦးက “စစ်တပ်ထဲက ပေါက်ကွဲသံတွေကြားတယ်။ နောက်သေနတ်ပစ်သံ၊ တစ်ချက်ချင်းရော၊ အတွဲလိုက်ပစ်သံတွေပါ ကြားရတယ်။ မနက်အစောကြီး အိပ်ကောင်းနေတုန်းမှာ လန့်နိုး သွားရော” ဟု ပြောသည်။
ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို ဒုက္ခပေါင်းစုံ ပေးနေရှိသော စစ်ကောင်စီ လက်အောက်ခံ စစ်သား နှင့် ရဲများ နေထိုင်ရာ၊ တိုင်းအတွင်းရှိ မည်သည့် နေရာတွင်မဆို မလုံခြုံကြောင်း အသိပေးခြင်းနှင့်အတူ အမြင် မှန်ရပြီး ပြည်သူ့ဘက်က ရပ်တည်လာကြရန်လည်း ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဟင်္သာတခရိုင် တပ်ရင်း၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
တောင်ပိုင်းတိုင်း ဧရာဝတီစစ်ဒေသခွဲ တာဝန်ရှိသူတစ်ဦးက “ဧရာဝတီသားတွေ ဘယ်လောက်ညီလည်း သိရမှာ ပါ။ ဧရာလှိုင်းဆိုပြီး ပေးထားတာက ဒေသစွဲ စိတ်ကို ခွန်အား အဖြစ်ပြောင်းနိုင်ဖို့ပါ။ ဧရာဝတီသားတွေ လှိုင်း လုံးသဏ္ဍာန်နဲ့ လာနေပြီဆိုတာကို ပြည်သူ့အတွက် ခွန်အားနဲ့ ရန်သူ ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ဧရာဝတီတိုင်းအတွင်းရှိ တပ်ရင်းများ၏ စစ်ဆင်ရေးအား ဧရာလှိုင်းအမည်ဖြင့် ဆောင်ရွက် သွား မည်ဖြစ်ပြီး မြို့ပြစစ်ဆင်ရေးများကို ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတို့နှင့်အတူ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်သွားမည် ဟု ဆိုသည်။