ရဲစခန်းတိုက်ခံရ၊ ရဲတပ်သား ၃ ဦးသေ၊ စခန်းမှူး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
သထုံ သိမ်ဆိပ်နယ်မြေ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းမှူး ဒဏ်ရာရပြီး တပ်သား ၃ ဦး သေဆုံးသွား သည် ဟု ဒေသခံများက ပြောသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်း ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ကားနဲ့လာပြီး ရဲစခန်ကို ဝင်ပစ်တာ၊ ရဲစခန်းဘက်ကလည်း ပြန်ပစ်တော့ အပြန်အလှန် ပစ် ခတ်ကြသေးတယ်။ အထိအခိုက် ရှိ မရှိတော့ မသိဘူး” ဟု ပြောသည်။
သိမ်ဆိပ်နယ်မြေ ရဲစခန်းကို သထုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ခွဲ ၃ နှင့် HRS ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သထုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သားများနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ရဲစခန်း တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စခန်းမှူးဖြစ်သူ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးသွားခဲ့သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သိမ်ဆိပ် နယ်မြေရဲစခန်းနှင့်အတူ ခမရ ၉ တပ်ရင်းကိုလည်း တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်ဟု သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သိမ်ဆိပ် နယ်မြေရဲစခန်းနှင့် ခမရ ၉ တပ်ရင်းတို့ကို ဒရုန်း၊ ၄၀ မမ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်ဟုလည်း သထုံပြည်သူ့ကာကွာ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။