မော်လမြိုင်ကျွန်း ရဲစခန်း လောင်ချာဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မော်လမြိုင်ကျွန်းမြို့ရှိ ရဲစခန်းကို လောင်ချာဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့သည် ဟု တာဝန်ရှိသူများက ပြောသည်။

မော်လမြိုင်ကျွန်းမြို့ရှိ မြတ်သာရွာမ ရဲစခန်းအား ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောသည်။

ဧရာဝတီလင်းပိုင်(မော်ကျွန်း) တပ်ဖွဲ့ဝင်တစ်ဦးက “ဗုံးသီးက ရဲစခန်းရဲ့ အတွင်းပိုင်း ပင်မအဆောက်အဦပေါ်ကို တည့်တည့်ကျတယ် ဘယ်လောက်ထိခိုက်ပျက်စီးလည်းဆိုတာတော့ သေချာမပြောနိုင်သေးဘူး စစ်ဆင်ရေးကို အကောင်းဆုံးနဲ့ အဖွဲ့သားတွေ အထိအခိုက်မရှိပဲ အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့၊ မြတ်သာရွာမ ရဲစခန်းအတွင်းရှိ ပင်မ အဆောက် အဦများကို ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူများက ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ ည ၇ နာရီကျော် အချိန်ခန့်တွင် မြတ်သာရွာမ ရဲစခန်းအတွင်းသို့ ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်၊ ဧရာဝတီလင်းပိုင် (မော်ကျွန်း) တပ်ဖွဲ့၊ မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ဘိုကလေးလင်းပိုင် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မြတ်သာရွာမ ရဲစခန်းအနီးတွင် နေထိုင်သူတစ်ဦးက “သိပ်အကျယ်ကြီးတော့ မဟုတ်ဘူး။ ပေါက်ကွဲသံ ကြားရ တယ်။ မြေကြီးတွေ ဘာတွေလည်း တုန်သွားတာမျိုးမရှိဘူး။ ရဲစခန်းထဲမှာတော့ ဆူဆူညံညံ အသံတွေ ကြားရ တယ်။ ကားသံတွေကြားရတယ်။ မီးတောက်တွေဘာတွေတော့ မတွေ့ဘူး” ဟု ပြောသည်။

မော်ကျွန်းမြို့တွင်းရှိ လမ်းများနှင့် မြို့အဝင်အထွက် လမ်းများကို ရဲစခန်းကို လောင်ချာဗုံးသီးများဖြင့် တိုက်ခိုက်ခံ ရသည့် ည ၇ နာရီ နောက်ပိုင်းမှစတင်ပြီး စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများ ပြည်သူ့စစ်များက ပိတ်ဆို့စစ်ဆေးမှုကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း မြို့ခံအချို့က ပြောသည်။

ဧရာဝတီစစ်ဒေသခွဲ မြို့ပြစစ်ဆင်ရေးတာဝန်ခံက “ပြည်သူလူထုကို နည်းမျိုးစုံဖိနှိပ်နေတဲ့ စစ်ကောင်စီ လက် အောက်ခံ စစ်သားနဲ့ရဲတွေ ဧရာဝတီတိုင်းအတွင်း ဘယ်နေရာမှ မလုံခြုံတော့ဘူးဆိုတာ ပြသတဲ့ အနေနဲ့ စစ်ရေး ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်တာ” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ဧရာဝတီတိုင်းအတွင်း “ဧရာလှိုင်းစစ်ဆင်ရေး” ကို စတင်သည့်အနေဖြင့် မြန် အောင်မြို့ရှိ ခလရ (၅၁) ဝန်းအတွင်းသို့ ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။

“ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေး” အမည်ဖြင့် စစ်ရေးပစ်မှတ် တိုက်ခိုက်မှုများ၊ စစ်ကောင်စီ၏ ထောက် တိုင် နာမည်ကြီး သတင်းပေးများကိုလည်း စနစ်တကျ သုတ်သင်ရှင်းလင်းသွားမည် ဟု သတင်းထုတ်ပြန်ထား သည်။