ကချင်နှင့် တအာင်း ထာဝရ မဟာမိတ် အဖြစ် ဆက်လက် နေထိုင် လုပ်ဆောင်သွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA တို့ အကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ အတူယှဉ်တွဲနေထိုင်မှုကို ထိပါးလာနိုင်သည့် ပြောဆိုရေးသားမှုတွေကို လူမှုကွန်ရက် Facebook စာမျက်နှာတွေအပေါ်မှာ တော်တော်များ များ တွေ့လာခဲ့ရသည်။
အတူယှဉ်တွဲနေထိုင်မှုကို ထိပါးလာသည့်ပြောဆို ရေးသားမှုများကို ကိုင်တွယ်ရန်နှင့် အရင်က နှစ်ဖက်အဖွဲ့ အ စည်းတွေ သဘောတူညီ လက်မှတ်ရေးထိုးထားကြသည့် ထာဝရ မဟာမိတ် စာချုပ်ပါ အချက်များကို ဆက် လက်စောင့်ထိန်းရန်အတွက် ပြီးခဲ့သည့် မေလ ၁၆ နဲ့ ၁၇ ရက်တို့တွင် KIO/KIA ထိန်းချုပ်နယ်မြေဖြစ်သည့် ကချင် ပြည်နယ် မိုင်ဂျာယာန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
KIO/KIA နဲ့ PSLF/TNLA တို့ ဘာတွေကို အဓိကထား ဆွေးနွေးပွဲခဲ့ကြပါသလဲ။ ဘယ်လို သဘောတူညီမှုတွေ ရရှိခဲ့ ကြသလဲ။ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရှေ့ဆက် ဘာတွေကို အတူတကွ ဆက်လက် လုပ်ဆောင်သွား ကြမှာ လဲ စတဲ့အကြောင်းအရာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို သတင်းနှင့် မီဒီယာ ကွန်ရက်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး – KIO နဲ့ PSLF/TNLA တို့ ပြီးခဲ့တဲ့ရက်ပိုင်းက နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရ တယ်။ အဲဒီတွေ ဆုံပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြသလဲ။
ဗိုလ်မှူးကြီးနော်ဘူ – သိပ်ပြီးမှ ထူးထူးထွေထွေ ခေါင်းစဉ်တပ်ပြီးတော့ ဆွေးနွေးတာကတော့ မဟုတ်ဘူး။ ကျနော်တို့ TNLA နဲ့ ပလောင်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့နဲ့ ကျနော်တို့ KIO တွေပေါ့နော်။ ကချင်တွေက တော့ အရင်ကတည်းကနေ ကျနော်တို့ အမြဲတမ်းဆွေးနွေးပြီးမှ ညှိနှိုင်းပြီးမှ လိုအပ်တဲ့ လုပ်ငန်းတာဝန်တွေကို ကျနော် တို့ လုပ်ခဲ့တာ ကျနော်တို့ သမိုင်းကြောင်းတွေရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီ ၂၀၁၉ – ၂၀ ပေါ့။ ကိုဗစ်ရောဂါ တို့ နောက် ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရှုတ်ထွေးမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ကျနော်တို့ ရဲ့ ထိတွေ့ညှိနှိုင်းတဲ့ ကျနော်တို့ အချင်းချင်း အခုလိုမျိုး ထိုင်ပြီးမှ ဆွေးနွေးတာ မလုပ်နိုင်တော့တာ ၂ နှစ် ၃ နှစ် ရှိပြီပေါ့။ အဲ့ဒါ ကြောင့် ကျနော်တို့ အခု ဒီဖက်ပိုင်းမှာကတော့ ကိုဗစ်ရောဂါတွေလည်း တော်တော်လေး သက် သာတဲ့ အချိန်ကာ လဖြစ်တဲ့အတွက် ပြန်ပြီးမှ ထိုင်ပြီးမှ လိုအပ်တာတွေ လုပ်ငန်းတွေ သဘောတရားတွေ ဆွေး နွေးတာ သဘောမျိုးပါ။ အဓိကကတော့ အဲဒါဖြစ်ပါတယ်။
မေး – အဲဒီ ဆွေးနွေးပွဲမှာ ကိစ္စရပ်တွေကို အတူတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့တာတွေရှိသလား။
ဗိုလ်မှူးကြီး နော်ဘူ – ကျနော်တို့ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့ အချက်အလက်တွေပါပဲ။ အဲဒါတွေလည်း ကျနော်တို့ TNLA နဲ့ KIA/KIO တွေ သီးသန့် လုပ်ငန်းစီမံကိန်းတွေ ချမှတ်ရေးဆွဲတာတွေကတော့ မရှိပါဘူး။ မရှိ ဘူး ဆိုတာက ဥပမာ ဒီ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တာဝန်ကို အတူတကွ ကျနော်တို့ လုပ်ဆောင်မယ် ဆိုတာကတော့ ဟို တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခု စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးမှာ တာဝန်ထမ်းဆောင်တဲ့ အဖွဲ့အစည်းတွေ ဘယ်အဖွဲ့အစည်းနဲ့မဆိုပေါ့ကွာ ကျနော်တို့လည်း အဲဒီ စစ်အာ ဏာရှင် စနစ်ချုပ်ငြိမ်းရေးကို အတူတကွ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောမျိုးတွေပေါ့။ သီးသန့်ပေါ့။ သီး သန့် ကျနော်တို့ကတော့ ကျနော်တို့နဲ့ ဟိုလိုလုပ်မယ်ဆိုမှ စီမံကိန်းတွေ ရေးဆွဲတာကတော့ မဟုတ်ဘူး။
မေး- ပြီးတော့ နောက်တစ်ချက်က TNLA နဲ့ KIO/KIA ကြားမှာ တစ်ဖက်နဲ့ တစ်ဖက် အမုန်းစကားတွေ ပြောဆို ပြီး တော့ ပြဿနာတွေ ဖြစ်လာအောင် ဆိုရှယ်မီဒီယာတွေအပေါ်မှာ ရေးသား ပြောဆိုနေတာ တွေရှိ တယ်ပေါ့ နော။ ဆိုတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ ဆွေးနွေးဖြစ်ခဲ့ကြသလဲ။
ဗိုလ်မှူးကြီး နော်ဘူ – အဲ့ဒါတွေလည်း အချင်းချင်း နားလည်မှုတွေ ကွဲလွဲတာ၊ ထင်မြင်ယူဆချက်တွေ နည်းနည်း မှားတာတွေပါတာပေါ့။ ဒါပေမယ့် အဲဒါတွေလည်း ပြန်ပြီးမှ ညှိနှိုင်း ပြန်ပြီးမှ အချင်းချင်း ဖြေရှင်းပြီးမှ အခုက တော့ ဆက်လက်ပြီးမှ အဲဒါတွေ ပြဿနာတွေ မရှိအောင် ကျနော်တို့ပေါ့နော ဥပမာ ဆက်ဆံရေးရုံး ဆက်သွယ် ရေးရုံးအရာရှိ အဲဒါနဲ့ထိ တွေ့ပြီးမှ အဲဒါနဲ့ ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ကျနော်တို့ သဘောတူထားတာ ဖြစ်ပါ တယ်။
မေး – ပြီးတော့ အတူတကွယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားတွေ၊ ဆုံးဖြတ်ချက် တွေ ချမှတ်ထားခဲ့ကြသလဲ။
ဗိုလ်မှူးကြီး နော်ဘူ – တခြားတော့ မဟုတ်ပါဘူး။ ဥပမာ ရှမ်းမြောက်ဖက်မှာပေါ့နော။ ကျနောတို့ ကချင် Sub-State တွေ အခု ပလောင် လူမျိုးတွေကလည်း သူတို့ရဲ့ ပလောင် အုပ်ချုပ်ဒေသပေါ့။ အဲဒီနေရာမှာကတော့ ကျ နော်တို့ ကချင်တွေနဲ့ ပလောင်တွေ ရှမ်းတွေကတော့ အရင်ကတည်းကနေ အတူတူ ကျနော်တို့ နေလာခဲ့တဲ့ ကျ နော်တို့ရဲ့ သမိုင်းကြောင်းတွေ ခိုင်ခိုင်လုံလုံ ရှိပါတယ်။ အခုလည်းပဲ အရင်ကလိုပေါ့ ကျနော်တို့ တိုင်းရင်းသား တွေ တစ်စုတစ်စည်းနဲ့ တန်းတူရည်တူနဲ့ အတူတူနေဖို့ အချင်းချင်း ပဋိပက္ခမဖြစ်အောင် ကြိုးစားပြီးမှ နေဖို့ ကျနော်တို့ သဘောတူထားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒါဟာ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
မေး – နောက်ပြီးတော့ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် တာဝန်ယူမှု တာဝန်ခံမှု နဲ့ အတူတူတကွ လုပ် ဆောင်ကြမယ်ဆိုပြီးတော့လည်း ဆွေးနွေးကြတယ်လို့ သိရတယ်။ ဆိုတော့ ဘယ်လိုပုံစံမျိုး ဆွေးနွေး ဖြစ်ခဲ့ ကြသလဲ။
ဗိုလ်မှူးကြီး နော်ဘူ – အသေးစိတ်ကို ပြန်ပြောရမယ်ဆိုရင်တော့ ဟိုဖက်ပေါ့ ရှမ်းမြောက်ဖက်မှာကတော့ ရှမ်း ပြည်နယ်မှာကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ တော်တော်များတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ကျနော်တို့ ကချင် Sub-State ရှမ်းမြောက်ဖက်မှာလည်း ခုနက ပြောသလို ကျနော်တို့ KIO တွေရှိတယ်။ ရှမ်း တွေ လည်းရှိတယ်။ အခု ပလောင်တော်လှန်ရေးတွေလည်း ရှိတယ်။ ဒီလက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ပြည်သူ့ စစ်က အစပေါ့ ဆိုတော့ ကျနော်တို့ အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခု ဥပမာ ပြော မယ်ဆိုလို့ရှိရင် အခွန်ကောက် တာတွေပေါ့နော။ ဒီဂိတ်ငွေကောက်ခံတာတွေကအစပေါ့နော်။ ကျနော်တို့ အား လုံးက ပြည်သူလူ ထုဆီမှာ ကောက်လို့ရှိရင်တော့ ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကြောင်းတွေ သူတို့ရဲ့ ရှင်သန် နေထိုင်ရေးမှာ ပေါ့နော်။ တော်တော်လေး သူတို့လည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေတာ။ ဥပမာ လူသစ်စုဆောင်းတာ တွေက အစပေါ့။ ပလောင်တွေကလည်း တစ်ယောက်ခေါ်သွားတယ်။ KIA ကလည်းတစ်ယောက်ခေါ်သွားတယ်။ ရှမ်းတွေကလည်း တစ်ယောက်ခေါ်သွားတယ်။ အဲလိုပုံစံတွေပေါ့ကွာ ဒါကြောင့် အဲဒါတွေကို ပြည်သူလူထုရဲ့ ဒီဝန်ထုပ်ဝန်ပိုး မဖြစ်အောင်ပေါ့နော။ ကျနော်တို့ ညှိနှိုင်းပြီးမှ လုပ်ဆောင်ဖို့ဖြစ်ပါတယ် အဲဒါတွေကတော့။
မေး – ဒီ Statement ထဲမှာ တွေ့ရတာက KIO နဲ့ အရင် PSLO ပေါ့နော။ ဒီ ၂ ဖွဲ့ကြားမှာ ထာဝရမဟာမိတ် ဆိုပြီး စာချုပ် ချုပ်ဆိုထားတာတွေရှိတယ်။ အဲဒီစာချုပ်ကိုပဲ အခု PSLF/TNLA နဲ့ KIO/KIA တို့က ဆက်ပြီးအသိအမှတ်ပြု ထိန်းသိမ်း အကောင်အထည်ဖော်သွားကြမယ်။ ဆိုတော့ အဲဒီ စာချုပ်ထဲမှာက ဘယ်လို သဘောတူညီမှုတွေရှိခဲ့ကြသလဲ။ ဘာတွေပါသလဲ။
ဗိုလ်မှူးကြီး နော်ဘူ – အဲ့ဒါလည်း ခုနပြောသလိုပေါ့ ကျနော်တို့ တိုင်းရင်းညီအစ်ကိုတွေ အတူတူ ယှဉ်တွဲနေထိုင်ဖို့ ဆိုတာကို ရှိတယ်။ ဘုံရန်သူတွေကို အခုအားလုံး လက်တွဲပြီးမှ တိုက်ခိုက်ဖို့ အဲဒါတွေရှိပါတယ်။ သူတို့လည်း လက်နက်ကိုင်တဲ့ တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့လည်း လက်နက်ကိုင်နေတဲ့ တိုင်ရင်းသား တော်လှန်ရေး အဖွဲ့ဖြစ်ပါတယ်။ အဲဒါတွေက မဟာမိတ်တွေပေါ့။ နယ်မြေလည်းအတူတူ နေနေတဲ့ နယ်မြေ တစ်ခုတည်းက ကျနော်တို့ တိုင်ရင်းသားတွေ ဖြစ်ပါတယ်။ ဘုံရန်သူကလည်း အတူတူဖြစ်ပါ တယ်။ဒါကြောင့် ကျနော်တို့ အရင်က ကျနော်တို့ ခေါင်းဆောင်တွေ ပလောင်လူမျိုးတွေရဲ့ ခေါင်းဆောင်တွေ အဲဒါတွေကို စာချုပ် ချုပ်ထားတယ်။ သဘောတူညီထားတာပေါ့ကွာ။ အဲဒါတွေအတိုင်းပဲ ပြန်လုပ်ရအောင်ဆိုတဲ့ သဘောမျိုးပါ။
မေး – အဲဒီဆွေးနွေးပွဲကို ဘယ်သူတွေ တက်ရောက်ခဲ့ကြသလဲ
ဗိုလ်မှူးကြီး နော်ဘူ – သက်ဆိုင်ရာ ကျနော်တို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေပေါ့နော။ ကော်မတီတွေ ဖွဲ့စည်းထားတာ ရှိပါတယ်။ သူတို့လည်း ဖွဲ့စည်းထားတာရှိတယ်။ TNLA ဖက်က ပါတယ်။ နောက်သူတို့ရဲ့ ရပ်မိရပ်ဖတွေလည်း ပါ တာပေါ့။ အရင်က သူ တို့ရဲ့ TNLA ရဲ့ ခေါင်းဆောင်တွေပေါ့။ အဲဒါတွေ လည်းပါတယ်။ PSLO ပေါ့။ ကျနော်တို့ KIO လည်း ဒီအတိုင်း ပါပဲ။ ကျနော်တို့ KIO ဗဟိုကော်မတီတွေပါတယ်။ ရပ်မိရပ်ဖတွေပါတယ်။ အဲဒီရှမ်းမြောက် ဖက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျနော်တို့ ဝန်ထမ်းတွေပေါ့နော။ အဲဒါတွေလည်းပါတယ်။ ရပ်မိရပ်ဖတွေ လည်း ပါတာပေါ့။