ဗန်းမော်မှ အသက် ၁၁ နှစ်အ ရွယ်မိန်းကလေး မုဒိန်းကျင့် သတ်ဖြတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကုက္ကိတောရပ်ကွက်တွင် အသက် ၁၁ အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့် နှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်ဟု နီးစပ်သူများက ပြောသည်။

အဆိုပါ မိန်းကလေးငယ်အား မုဒိမ်းကျင့် နှိပ်စက်သတ်ဖြတ်ခဲ့သူမှာ သူမဖခင်၏ သူငယ်ချင်းဖြစ်သည်ဟု နီးစပ် သူများက ပြောသည်။

နီးစပ်သူ တစ်ဦးက “ဟုတ်တယ် ၄ တန်းကလေး။ တနေ့က ဖြစ်တာ။ မနေ့က ချတာက (သင်္ဂြိုလ်)တာ၊ အဲ့ဒီမုဒိမ်း ကောင်က အဲအိမ်မှာပဲ။ အဲ့ကလေးအဖေကလည်း အရက်မူးပြီး အိပ်နေတာတဲ့။ သူသတ်တာ ဆိုပြီး ကိုယ်တိုင် ဝန်ခံတာ” ဟု ပြောသည်။

အသတ်ခံလိုက်ရသည့် မိန်းကလေးငယ်မှာ အသက် ၁၁ နှစ်သာ ရှိသေးပြီး ညနေပိုင်း ကျောင်းဆင်းပြီး ပြန်လာ ကာ နေအိမ်၌ ထမင်းစားနေချိန် မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

အဓမ္မပြုကျင့်သူမှာ အသက် ၃၀ နှစ် အရွယ် အင်ခွန်ယော် ဆိုသူဖြစ်ပြီး ကလေးငယ်အား ရိုက်နှက် နှိပ်စက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ နေအိမ်၏ နောက်ဖေး ဝါးရုံအောက်တွင် ကလေးငယ်၏ အလောင်းအား တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

အဓမ္မပြုကျင့်သူအား ဖမ်းဆီးထားပြီး အဆိုပါ မိန်းကလေးငယ်၏ မိခင်အားလည်း အကြိမ်ကြိမ် သားမယားပြု ကျင့်ခဲ့သည်ဟု အသက် ၃၀ နှစ် အရွယ် အင်ခွန်ယော် ဆိုသူက ၎င်းကိုယ်တိုင် ဝန်ခံခဲ့ကြောင်း မိသားစုနှင့် နီးစပ် သူက ဆက်ပြောသည်။

“မုဒိမ်းကောင်က သူကိုယ်တိုင်ဝန်ခံတာတဲ့။ သူလုပ်တာ သူသတ်တာဆိုပြီးတဲ့ အဲကောင်က လူပျိုကြီးတဲ့။ မိုက် ရိုင်းလိုက်တာ သူ့အမေကိုလည်း သူအဲ့လိုပဲ မုဒိမ်းကျင့်တာလို့ပြောတယ်တဲ့” ဟု ပြောသည်။

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ဖောရောင်နေသည့်အပြင် ခြေထောက်နှင့် လက် များပါ ကျိုးကြေနေသည်ဟု ဆိုသည်။ ထို့အပြင် နှာခေါင်းအရိုးများလည်း ကျိုးကာ မျက်နှာတွင်လည်း ဒဏ်ရာ များဖြင့် ပြည့်နှက်ကာ သေဆုံးနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွင်သာမက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သည့် နယ်မြေအချို့တွင်ပါ အမျိုးသမီးများ သားမယားပြုကျင့်ခံရမှုများ၊ လုယက်မှုများ၊ လူသတ်မှုများနှင့် အခြားသော ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။

ဇွန် ၁၁ ရက်နေ့တွင် ဟိုပင်မြို့နယ် အတွင်းရှိ KIA တပ်မဟာ ၈ နယ်မြေအတွင်း KIA တပ်သားတစ်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသေးသည်။

၎င်းတို့ ဇနီးမောင်နှံအား အဓမ္မပြုကျင့်သူမှာ အသက် ၄၀ အရွယ် ဦးကျော်ထွန်းဦး ဆိုသူ ဖြစ်ပြီး အမျိုးသားအား ပုဆိန်ဖြင့် ခုတ်သတ်ကာ အမျိုးသမီးအား သားမယားပြုကျင့်ပြီး ဝမ်းဗိုက်နှင့် ရင်သားနေရာတို့တွင် ဓားဖြင့် ထိုး ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။