ပင်းပက် သံမဏိစက်ရုံ ပြန်လည် လည်ပတ်မည်ကို ဒေသခံများ စိုးရိမ်
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီကျေးရွာအုပ်စုမှာရှိပြီး လူထုက ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ပင်းပက်သံမဏိစက်ရုံ ပြန်လည်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာကြောင့် စက်ရုံအနီးက ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
ပင်းပက်သံမဏိစက်ရုံရပ်နားထားတာဟာ ၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လာရောက်ပြီး စက်ရုံပြန်လည်ပတ်နိုင်ရေး လုပ်ဆောင်မှုတွေရှိတယ်လို့ PYO က ဆိုပါတယ်။ အဲဒီနောက် အလုပ်ရုံ ၁၉ ရုံကလည်း စမ်းသပ်လည်ပတ်မှုတွေ ရှိလာတဲ့အတွက် ဒေသခံတွေက စိုး ရိမ်နေကြတယ်လို့ ပြောပါတယ်။