ထားဝယ်မြို့အဝင်တွင် ပစ်ခတ် ပေါက်ကွဲမှုများ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်နှင့် ဗျောတောဝ စစ်ဆေးရေးဂိတ်တို့တွင် ပစ်ခတ်မှုနှင့် ပေါက် ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်၊ ရဲတပ် ဖွဲ့နှင့် ယာဥ်ထိန်းရဲများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့က နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် စာသင်ကျောင်းအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက “သေနတ်ပစ်သံတွေက အချက် ရေ မနည်းဘူး လေးငါးဆယ်လောက် ကြားရတယ်။ လမ်းပေါ်မှာ သွားလာနေသူ တွေ နီးရာအိမ် အကုန်ဝင် ပုန်း နေကြရတယ်။ ကျည်ထိကျန်ခဲ့တဲ့ အထဲမှာ မော်တော်ပီကယ်တွေလည်း ပါတယ်လို့ ကြားရတယ်။ လူနာတင် ကားတွေ သွားလာနေတာတွေ့ရတယ်” ဟု ပြောသည်။

ပစ်ခတ်သံများ ထွက်ပေါ်နေချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ကပ်လျက် ဝဲကျွန်းရပ်ကွက်မှ အမှတ် (၇) အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းသားများကို မိဘများက စိတ်ပူစိုးရိမ်ပြီး အပြေးအလွှား လာရောက် ခေါ် ဆောင်သွားခဲ့သည်ကို မြင်တွေ့ရကြောင်း စာသင်ကျောင်းအနီး နေထိုင်သူများက ပြောသည်။

တချိန်တည်းမှာပင် ထားဝယ်မြို့အဝင် ဗျောတောဝ စစ်ဆေးရေးဂိတ် ဘက်တွင်လည်း ပေါက်ကွဲသံများ ထွက်ပေါ် ခဲ့သေးကြောင်းနှင့် ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် ထားဝယ်မြို့ပေါ် တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကားများဖြင့် ကင်းလှည့်သွားလာနေသည်များကို မြင်တွေ့နေရကြောင်း မြို့ခံများက ဆိုသည်။

ပစ်ခတ်သံများ ငြိမ်သက်သွားပြီးနောက် ထားဝယ်မြို့ပေါ်ရှိ ကျောင်းများကို အရေးပေါ်ပိတ်လိုက်ပြီး ဆရာ၊ ဆရာမများမှ ကျောင်းသားများကို အိမ်ပြန်လွှတ်ပေးခဲ့သည်ဟု မြိုပခံအချို့က ဆိုသည်။

ပစ်ခတ်ခံရသည့် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်သို့ ကားဖြင့် ရောက်လာကြသည့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များက ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အနီးဝန်းကျင်လယ်ကွင်းထဲရှိ စပါးရိတ်သိမ်း နေသူ ပြည်သူ လေးဦးကိုလည်း စစ်ဆေးမေးမြန်းရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အိမ်ရှေ့ ပြင်ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

စစ်ကောင်စီတပ်မှ ထားဝယ်မြို့အဝင် လမ်းများဖြစ်သည့် အိမ်ရှေ့ပြင်၊ ဗျောတောဝ၊ ပေါက်တိုင်းတံတားနှင့် က
မြောကင်းတံတား စသည့် နေရာ ၄ ခုတို့တွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး အစစ်အဆေးများ တင်းကြပ်ထား သည်။