အစုအပြုံလိုက် ဖယ်ရှားခံလိုက်ရသည့် ပုသိမ် ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များနေရာ ပျူစောထီးများအားခန့်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။

အခုက ဒီရာအိမ်မှူးတွေ ပါတယ်၊ ဆယ်အိမ်မှူးတွေလည်းပါတယ်။ အားလုံး အယောက် ၂၀၀ ကျော်တယ်။ လူကတော့ အစုံပဲ ကြံဖွံ့ပါတီဝင် အုပ်ချုပ်ရေးမှူးတွေလည်းပါသလို ဒီ NLD ပါတီကို ဝန်းရံတဲ့သူတွေလည်း ပါတယ်ဗျ ဟု မြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ ရုံးစိုက်သော ပုသိမ်မြို့ရှိ အမှတ် ၁၃ ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် အားလုံးကို အစုအပြုံလိုက် ဖယ်ရှားလိုက်သည် ဟု ဒေသခံများက ပြောသည်။

အဆိုပါရပ်ကွက်က အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး နှင့် ဆယ်အိမ်မှူး စုစုပေါင်း ၂၀၀ ကျော်ကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ဖယ်ရှားလိုက်သည်ဟု ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတစ် ဦးက အတည်ပြု ပြောသည်။

ထွေ/အုပ်ဦးစီးဌာန ဝန်ထမ်းတစ်ဦးက အထက်က ညွှန်ကြားတာတွေကို အကောင်အထည် မဖေါ်နိုင်ကြဘူး၊ ဘာခိုင်းခိုင်း ဆင်ခြေများတယ်၊ အဲ့ဒါမျိုးကို အထက် လူကြီးတွေက မကြိုက်ဘူးလေ၊ နောက်ပြီး လုပ်အားပေး အတွက်တောင် လူစုမပေးနိုင်ဘူး၊အဲဒါ ကြောင့် သူတို့တဖွဲ့ လုံးကို ဖြုတ်ပစ်လိုက်တာ ဟု ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် အဖြစ်က ဖယ်ရှားခံရသော ရာအိမ်မှူး၊ ဆယ်မှူး အများစုမှာ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဝန်းရံသူအချို့လည်း ပါဝင် သည်ဟု ဖယ်ရှားခံရသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး အချို့က ပြောသည်။

အမှတ် ၁၃ ရပ်ကွက်တွင် လစ်လပ်သွားသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် အုပ်ချုပ်ရေးမှူးနေရာများတွင် စစ်မှု ထမ်းဟောင်းများ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီအဖွဲ့က အစားထိုးခန့်ထား လိုက်သည်ဟု ဆိုသည်။

အဆိုပါ အမှတ် ၁၃ ရပ်ကွက်တွင် ၁၉၉၅ ခန့်ကပင် စစ်မှုထမ်းဟောင်းများကို နေရာချထားပေးသည့် စံပြတိုးချဲ့ ကွက်သစ်နှစ်ခု ရှိနေခြင်းကြောင့် ရပ်ကွက်တစ်ခုတည်းမှာပင် စစ်မှုထမ်းဟောင်းများဖြင့် ရာအိမ်မှူးနှင့် ဆယ်အိမ် မှူး အများအပြားကို ခန့်ထားပေးနိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖယ်ရှား ခံရသည့် ဆယ်အိမ်မှူး တစ်ဦးက ဖယ်ရှားခံရတာ ကြိုက်ပါတယ်။ မတရား ခိုင်းတာတွေကများနေလို့ နုတ်ထွက်စာလည်း အရင်ကတည်းက တင်ထားတယ်။ လုပ်ချင်လို့ ဝင်လုပ်တာလည်း မဟုတ်ဘူး။ ကလေ ကချေတွေ ရပ်ကွက်ထဲ လူကြီး တက်လုပ်ရင် ရပ်ကွက် နာမှာ စိုးလို့ ဝင်ခဲ့လုပ်တာ ဟု ပြောသည်။

စစ်သားစုဆောင်း ခိုင်းခြင်း၊ စစ်သင် တန်းတက်ခိုင်းခြင်း၊ အပတ်စဉ်တိုင်း လုပ်အားပေး လုပ်ခိုင်းခြင်း၊ စစ်ကောင် စီ၏ ဝန်ကြီးချုပ် တက်ရောက်သော လမ်းဖွင့်ပွဲ၊ ဘောလုံးပွဲ၊ ဈေးရောင်းပွဲစသည့် အခန်းအနားမျိုးစုံနှင့် တပ် ထောက်ခံပွဲများ အတွက် ဖိအားပေး လူစုခိုင်းခြင်းတို့ကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများ နှင့် ဆက်ဆံရေး အခက်အခဲများ ရှိသည်ဟု ဖယ်ရှားခံလိုက်ရသော ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။

ထိုကဲ့သို့ ဖိအားပေးကာ အတင်းအကြပ်ကိုင် ခိုင်းစေမှုများရှိခြင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့ က ရာအိမ်မှူးများ ပြီးခဲ့သော ဇန္နဝါရီလ ဒုတိယပတ် အတွင်းက အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ကြရာ တွင် ပုသိမ်မြို့နယ် အတွင်းက ရာအိမ်မှူးများလည်း အများအပြား ပါဝင်ခဲ့သည်ဟု အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဖယ်ရှားလိုက်ပြီးနောက် စစ်ကောင်စီ စိတ်ကြိုက် စစ်မှု ထမ်းဟောင်းများ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်ဟု ဒေသခံ ပြည်သူအချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အိမ်ခြေ ၁၀၀ ကျော်ရှိ အမှတ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ် မှူး စုစုပေါင်း ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြုတ်ချခဲ့ပြီး အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက အထက်က ခိုင်းစေချက် ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်း တယ်။ အကောင်အထည်ဖော်ရာမှာ အားနည်းတယ် ဆိုတဲ့ ပြစ်ချက်တွေနဲ့ တစ်ဖွဲ့လုံးကို ဖြုတ်ပစ်လိုက်တာ ဟု ပြောသည်။

ဖြုတ်ပစ်လိုက်သည့် ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော် အကြာ တွင် စစ်ကောင်စီ၏ ယုံကြည်စိတ်ချရသူများကိုသာ ရွေးချယ်ခန့်ထားခဲ့ခြင်း ဖြစ်သည်ဟု အမှတ် ၁၃ ရပ်ကွက် တွင် နေထိုင်သူအချို့က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ရပ်စဲလိုက်တဲ့ သူတွေနေရာကို စစ်စိတ်စစ်သွေး ပြင်းထန်တဲ့ စစ် သားဟောင်းတွေ အရံမီးသတ်က ခိုင်းကောင်းတဲ့ သူတွေနဲ့ လက်သပ်မွေးထားတဲ့ ပျူစောထီးတွေကို ခန့်လိုက် တာ ဟု ပြောသည်။

ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်သည် အိမ်ခြေ ၂၀၀၀ ကျော်ခန့်ရှိသည့် ရပ်ကွက်ကြီးဖြစ်သည်ဟု ဒေသခံပြည်သူ များက ပြောသည်။

ဖြုတ်ချခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ နေရာတွင် အစားဝင်ရောက်လာသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ဆယ် အိမ်မှူးများသည် စစ်ကောင်စီအမိန့်ကို တစ်သွေမတိမ်း လိုက်နာကာ ရပ်ကွက်ပြည်သူများကို နှိပ်ကွပ်မည့် မောက် မာသူများကို ရွေးချယ်ခန့်ထားလိုက်ခြင်း ဖြစ်သည်ဟု ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ရပ်စဲခံရသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက အစုံသုပ် ခိုင်းဖတ်ဘဝက လွတ်သွားတာပေါ့ဗျာ။ မခံနိုင်တော့တာ နဲ့ အတော်ပါပဲ။ အပေါ်က ဟိန်းတာ ဟောက်တာခံရသလို ရပ်ကွက်လူထုက အမုန်းလည်း ခံရသေးတယ် ဟု ပြောသည်။

လုပ်အားပေး၊ လမ်းလျှောက်ပွဲ၊ အသုံးလုံး သင်တန်း၊ ငါးလွတ်ပွဲ၊ ဘောလုံးပွဲ၊‌‌ ဈေးရောင်းပွဲ၊ အခမ်းအနားမျိုးစုံနှင့် ဧည့်စာရင်းစစ်၊ ရပ်ကွက်လုံခြုံရေးအပြင် ကင်းပုန်းဝတ်ရာများ၌ပါ လိုက်ပါရသည်ဟု ဖြုတ်ချခံလိုက်ရသော ရာ အိမ်မှူးတစ်ဦးက ပြောသည်။

အလားတူ ဆယ်အိမ်မှူးမှ ပြုတ်ခဲ့သူတစ်ဦးက စစ်သင်တန်းတက်ခိုင်းတာ စစ်သားသစ် စုဆောင်းခိုင်းတာတွေကို ငြင်းရတာပေါ့ဗျာ။ ဟိုအကြောင်း ဒီကြောင်းနဲ့ ပိုက်ဆံ ကောက်ခိုင်းတာကျတော့ ကိုယ်ကလည်း မစိုက်နိုင်တော့ မျက်နှာပူပူနဲ့ပဲ ကောက်ခဲ့ရတာတွေရှိတယ်ဟု ပြောသည်။

ပုသိမ်မြို့အမှတ် ၁၃ ရပ်ကွက်ဟာ အိမ်ခြေ ၂၀၀၀ ကျော်ရှိသည့် ရပ်ကွက်ကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီက ဒေသလုံခြုံရေးနှင့် အရပ်သားများကို ပြည်သူ့စစ်မှုထမ်း ခေါ်ဆောင်ရန်အတွက် အထက် အမိန့်လိုက်နာပြီး အောက်ခြေပြည်သူများ အပေါ်ဗိုလ်ကျ အနိုင်ကျင့်လုပ်နိုင်သည့် ပျူစောထီးများနှင့် စစ်မှုထမ်းဟောင်းများကို အမာခံထားပြီး အုပ်ချုပ်ရေးအဖွဲ့ ပြန်လည်အစားထိုးခဲခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမ အပတ်ကလည်း ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၆၂ ယောက် စစ်သင်တန်း မတက်သောကြောင့် မြို့နယ် စစ်ကောင်စီက တာဝန်ကနေ ဖြုတ်ချခဲ့သေး သည်။

ဇလွန်မြို့နယ်တွင် ရပ်ကျေး/အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၆၂ ဦးထဲ၌ စစ်သင်တန်း မတက်လိုသောကြောင့် ဇန္နဝါရီလ ပထမပတ်ကတည်းက မြို့နယ် စစ်ကောင်စီထံ နုတ်ထွက်ခွင့် တင်ခဲ့ကြသည်။

ထို့အတူ ဟင်္သာတမြို့နယ်တွင်လည်း ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦးမှာ မြို့နယ်စစ်ကောင်စီထံ အစုလိုက် အပြုံလိုက် နုတ်ထွက်ခွင့် တင်ခဲ့ကြခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပုသိမ်ခရိုင်အတွင်း NLD အစိုးရလက်ထက်က ခန့်အပ်ခဲ့သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ၆၀ ရာခိုင်နှုန်းကို အသစ်ပြန်လည် ခန့်အပ်ခဲ့သည်။

သို့သော် မြို့ပေါ်ရပ်ကွက် အများစုက အုပ်ချုပ်ရေးမှူး ၄၀ ရာခိုင်နှုန်းခန့်ကို စစ်ကောင်စီတပ်က ယခင်အတိုင်း ဆက်လက် တာ၀န်ထမ်းဆောင် ခိုင်းထားသည်။