ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က စစ်သုံးစားရိတ်ကောက်နေသည်ဆိုသော သတင်းမှားများ ထွက်ပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင် တစ်ကြောရှိ ကျေးရွာ များထဲ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တစ်မတော် (PNLA) က စစ်အသုံးစရိတ် ကောက်ခံနေသည်ဟု သတင်းမှားများ ထွက်ပေါ်နေသည်။
မဲနယ်တောင်ဒေသက ကျေးရွာသုံးရွာ၌ ဇန္နဝါရီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လက်နက်များအတွက် တစ်အိမ်ကို ကျပ် ၅ သောင်းနှုန်းနှင့် ကောက်ယူနေကြောင်း PNLA က ထုတ်ပြန်ထား သည် ဆိုသော သတင်းမှားများ ထွက်နေသည်။
PNLA က ငွေကြေးကောက်ခံနေသည် ဆိုသော သတင်းမှားများကို ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က မေလ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ပြီးနောက် စစ်ကောင်စီ ထောက်ခံသူများနှင့် ဝါဒဖြန့်သူများက လူမှုကွန်ယက် စာမျက်နှာနှင့် တယ်လီဂရမ်ချန်နယ်များမှ ထပ်ဆင့်ဖြန့်ဝေ ဝါဒဖြန့်ခဲ့သည်ဟု ပအိုဝ်းလူငယ်အချို့က ပြောသည်။
PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒီလိုမျိုးနဲ့ ဆင်တူပဲပေါ့နော်၊ ကျနော်တို့နဲ့ စစ်ကောင် စီ တိုက်ပွဲစဖြစ်တုန်းကလည်း ကျနော်တို့တပ်ဖွဲ့ရဲ့ နာမည် ကို အလွှဲသုံးစားလုပ်ပြီးတော့ ပြည်သူ့စစ်တွေက လိမ် လည်ပြီးတော့ လူစုဆောင်းတာတွေ လုပ်ခဲ့တယ်ပေါ့နော်။ အခု လည်း အဲ့လိုမျိုးပဲ ဖြစ်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ကျနော်တို့ အဖွဲ့ကို နာမည်ဖျက်ချင်တာ လည်း ပါမှာပေါ့နော်၊ အဲ့ဒါကို ကျနော်တို့ အဖွဲ့ရဲ့ နာမည်ကို အလွှဲသုံးစားလုပ်ပြီးတော့ အဲ့ဒီကျေးရွာတွေဘက်မှာ ပိုက်ဆံ တောင်းစားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ က တော်လှန်ရေးကိုမလိုလားတဲ့ တော်လှန်ရေးကို နာမည် ဖျက် ချင်တဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက လုပ်ကြံတာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့နော်” ဟု ပြောသည်။
မဲနယ်တောင်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ကပဲ တပ်စွဲထားပြီး ရွာထဲ အဝင်အထွက် မကြာခဏ ပြုလုပ်ကာ ငွေကြေးကောက်ခံလေ့ရှိသောကြောင့် PNA ကသာ ပုံမှားရိုက် လိမ်လည်ကောက်ယူခြင်း ဖြစ်သည်ဟု ခွန်ရိန်းယံ က ဆက်ပြောသည်။
“ကျနော်တို့ သတင်းရတာကျတော့ အဲ့ဒီဘက်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကပဲ တစ်အိမ်ကို ၅ သောင်း အဲ့လိုမျိုး ကောက်တယ်ပေါ့၊ ကျနော်တို့ တပ်ဖွဲ့အနေနဲ့ကတော့ အဲ့လိုမျိုး ကောက်ခံတာ မရှိပါဘူး၊ ဒါကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က သူတို့ လူထုဆီ ပိုက်ဆံကောက်တာကို ကောက်တယ်လို့လည်း မဝန်ခံ ဘဲနဲ့ ကျနော်တို့ တပ်ဖွဲ့က ကောက်တယ်ဆိုပြီးတော့ လူထုကိုလလိမ်လည်လှည့်ဖျား သတင်းအမှားတွေ ဖန်တီး တာ ဖြစ်နိုင်ပါတယ်။”
ဇန္နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် ဟိုပုံးနှင့် ဆီဆိုင်မြို့က တိုက်ပွဲများပြီးနောက် PNLA အဖွဲ့ အနေဖြင့် ပြည်သူ လူထုထံမှ တစ်ကြိမ်တစ်ခါမှ ငွေကြေးကောက်ခံခဲ့ဖူးခြင်း မရှိသေးသလို ၎င်းတို့ အဖွဲ့အစည်းနာမည်နှင့် ငွေကြေး ကောက်ခံမှုများ ကြုံလာရပါကလည်း အချိန်မရွေး တိုင်ကြားနိုင်သ်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
PNLA က ငွေမကောက်သော်လည်း စစ်ကောင်စီ လက်အောက်ခံလို ဖြစ်သော ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ PNA ကမူ မဲနယ်တောင်ရှိ ကျေးရွာများထဲ တစ်အိမ်ကို ကျပ်တစ်သိန်းစီ ကောက်ယူခဲ့ဖူးသည့်အပြင် မကြာခဏ ဆိုသလို ငွေကျပ် ၅ သောင်းထက်မနည်း ကောက်ခံနေသည်ဟု ဆိုသည်။
အလားတူ အဆိုပါ ကျေးရွာများတွင် ရွာတစ်ရွာကို ၃ ဦးစီနှုန်းဖြင့် စစ်မှုထမ်း ခေါ်ယူခဲ့ဖူးသည်ဟု ဆိုကြသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း PNLA က ဒရုန်းနှင့် ပစ်ခတ်မှုကြောင့် ပင်လောင်းမြို့နယ်၊ နောင်ဝိုး ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များတွင် ဝါဒ ဖြန့်ခဲ့ပြီး မူရင်း သတင်းအမှန်က စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။