စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျား-မကွဲပြားမှု အခြေခံသည့် အကြမ်းဖက်မှု ပိုများလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်နှင့်အတူ ဖိုဝါဒ လွှမ်းမိုးမှုကြောင့် လူ့အဖွဲ့ အစည်းအတွင်း ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုများ ပိုမိုများပြားလာသည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်နှင့်အတူ ဖိုဝါဒကြီးစိုးမှုကို အခြေခံသည့် ဓလေ့များကြောင့် ဂျဲန်ဒါ (ကျား-မ ကွဲပြားမှု) အခြေပြု အကြမ်းဖက်မှုများတွင် အမျိုးသမီးများက ပိုမို ခွဲခြားဆက်ဆံ ခံနေရသည်ဟု လိင်စိတ်ခံယူမှုကွဲပြားသူများ အရေး တက်ကြွလှုပ်ရှားသူ သန့် က ပြောသည်။
“ဖိုဝါဒ ဆိုတာက အယူဝါဒတစ်ခု ဖြစ်တယ်။ အဲ့ဒီ အယူဝါဒကပဲ ကျနော်တို့ လူမှု အဆောက်အအုံ အများကြီးကို ကျောထောက်နောက်ခံ ပေးထားတာတွေ အများကြီး ရှိတယ်။ အဲ့ထဲမှာ စစ်တပ်က ဆိုလို့ရှိရင် ပိုမြင်သာတဲ့ လူမှု အဆောက်အအုံ တစ်ခု ဖြစ်တယ်ပေါ့။ အဲ့တော့ ဖိုဝါဒရဲ့ သက်ရောက်မှုကို ခံရတယ် ဆိုတဲ့အခါမှာ အမျိုးသမီး တွေဟာ အများစု ဖြစ်တယ်။ ဆိုတော့ လူဦးရေ အားဖြင့်လည်း အများစုလည်း ဖြစ်တယ်ပေါ့နော။ အမျိုးသမီး တွေကို ဒုတိယ လူတန်းစား sporting သတ်မှတ် လက်ခံ ဆက်ဆံကြတဲ့ အလေ့အထက ကျနော်တို့ လူမှုပတ်ဝန်း ကျင်မှာ ဒါက ပုံမှန်တရား တစ်ခုအနေနဲ့ပေါ့။ ပုံမှန် အနေနဲ့ကို ရှိနေတဲ့အရာ ဖြစ်တယ်။”
ခေတ်အဆက်ဆက်က ခံယူထားသည့် ဓလေ့များနည်းတူ လက်ရှိ တော်လှန်ရေးကာလတွင်လည်း ကျား/မ တန်း တူရေးကို အခြေမခံသော ဖိုဝါဒကြီးစိုးသည့် အမျိုးသားရေး လှုပ်ရှားမှုများသည် ကဏ္ဍပေါင်းစုံတွင် ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး အမျိုးသမီးများမှာ ဒုတိယ လူတန်းစား အနေဖြင့်သာ ခွဲခြားဆက်ဆံခြင်း ခံနေရသည်ဟု ဆို သည်။
မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညို က “ကျမတို့ နိုင်ငံမှာ ဘာတွေ ရှိလာလဲဆို စစ်အာဏာရှင် ကြီးစိုးမှုရှိတယ်။ တစ်ဖက်မှာလည်း အစွန်းရောက် ဝါဒတွေလည်း လွှမ်းမိုး လုပ် ဆောင်နေတဲ့ အနေအထားမှာ ရှိတယ်။ တစ်ဖက်မှာလည်း အမျိုးသားရေး ကြီးစိုးရေးဝါဒ ဝါဒတွေ တော်တော် များများနဲ့ ကျမတို့ရဲ့ နိုင်ငံတစ်ခုရဲ့ ပြောမယ်ဆို လူမှုအသိုင်းအဝိုင်းကို အဲ့ဒီဝါဒတွေနဲ့ တည်ဆောက် လာကြတာ ရှိတယ်။ ဘယ်သူတွေက အဲ့ဒါတွေကို ဦးဆောင်လဲ ဆိုရင် အမျိုးသားတွေက အုပ်ချုပ်တယ်။ ဆိုတော့ နိုင်ငံ တစ်ခုမှာ စစ်ဖြစ်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ဟာက ဒီအရာတွေအားလုံး ဦးဆောင်နေတဲ့သူက ဒီဟာသွားနေလို့ ဖြစ်တယ်“ ဟု ပြောသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်နှင့် အတူ ဖိုဝါဒ လွှမ်းမိုးမှု လူ့အဖွဲ့အစည်းအတွင်းရှိ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ၏ အကျိုးဆက်တစ်ခုအဖြစ် လိင်ခံယူမှုကွဲပြားသူများ၏ လူမှုဘဝ ထိခိုက်မှုများနှင့် ပတ်သက်၍ သန့် က ယခုကဲ့ သို့ ဆက်ပြောသည်။
“ကျနော်တို့ ဒီအမျိုးသမီးတွေ သာမကဘဲနဲ့ ကျနော်တို့ တစ်ချို့ဆို လိင်စိတ်ခံယူမှုကွဲပြား ပိုပြီးတိတိ ကျကျ ပြောရရင် LGBTIQ လူထုတွေ အနေနဲ့ဆိုလို့ရှင်လည်း ဒီလိုမျိုး ဖိုဝါဒရဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ခံရတယ်ဆိုတော့ အဲ့တော့ ဖိုဝါဒရဲ့သဘောကိုက အမျိုးသား ဖြစ်ခြင်းကို ကြီးကျယ် မြင့်မြတ်စေတယ်။ ဆိုတော့ LGBT IQ အနေနဲ့ ကြတော့လည်း တစ်ခြားသော လူမှုရေးဆိုင်ရာအဖွဲ့ ရဲ့ ဖယ်ကျဉ်မှုတွေ ခွဲခြား ဆက်ဆံမှုတွေ အများကြီး ခံရတယ်။“
ထိုသို့ ကျား/မ တန်းတူရေးအတွက် ခွဲခြားခြင်း ဆက်ဆံခံနေရသည့် အခြားတစ်ဖက်တွင် နိုင်ငံအတွင်း စစ်အာ ဏာရှင်စနစ် ရှင်သန်ကျင့်သုံးနေသမျှ ကာလပတ်လုံး ပြည်သူများ လိုချင်သည့် ငြိမ်းချမ်းရေး၊ သွားချင်သည့် တန်းတူရေးကို အကောင်အထည် ဖော်နိုင်မည် မဟုတ်သည့်အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုန်း ရေးနှင့်အတူ ဖိုဝါဒ ကြီးစိုးမှုကိုလည်း တစ်ပါတည်း တိုက်ဖျက်သွားရန် လိုသည်ဟု အမျိုးသမီးအရေး လှုပ်ရှား သူများက ဆိုသည်။
ကုလသမဂ္ဂမှ အဓိပ္ပာယ် ဖွင့်ဆိုထားသည့် အပစ်အခတ် ရပ်စဲရေးကဲ့သို့ အကြမ်းမဖက်ရေး ခွဲခြား ဆက်ဆံမှု မရှိရေးနှင့် တန်းတူညီမျှရေးကို မဖော်ဆောင်နိုင်သရွေ့ ငြိမ်းချမ်းရေး ရရှိနိုင်မည်မဟုတ် ဟု (BWU) တွဲဖက် အထွေထွေ အတွင်းရေးမှူး – ၁ မဝေဝေလှိုင်က ပြောသည်။
“ကျမတို့ ဒီနေ့နိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ စစ်အာဏာ ရှင်စနစ်ကို ကျမတို့ အမြစ်ပြတ် ချုပ်ငြိမ်းနိုင်မှ သာလျှင် ကျမတို့ လိုချင်တဲ့ ဂျဲန်ဒါ တန်းတူရေး၊ လူမှုတရားမျှတရေးနဲ့ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်း လာမဲ့ ကျမတို့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တက်တဲ့ နိုင်ငံတော်တည်ဆောက် ဖို့အတွက် ဆိုလို့ ရှိရင် စုံလင်ကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးတွေကြားထဲ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်ကို အာမခံနိုင်တဲ့ စနစ်တွေ ပေါ်ထွန်းနိုင်ဖို့အတွက် စစ်အာဏာ ကျရှုံးရေးက အဓိက အရေးကြီးတယ်“ ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရန် သာမက လူမှုအသိုင်းအဝိုင်းများမှ အမျိုးသမီးများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် မြင်သည့် အမြင်များအား ပြောင်းလဲလာစေရန်နှင့် လူတစ်ဦးတစ်ယောက် ချင်းစီတွင် ရှိနေသည့် ဖြစ်တည်မှုအား တန်ဖိုးထား လေးစားမှုသည် ဖိုဝါဒ လွှမ်းမိုးမှုနှင့် ဂျဲန်ဒါ ခွဲခြားဆက်ဆံမှု ပပျောက်ရန်အတွက် အခြေခံအကျဆုံး အရေးကြီးဆုံးအချက် ဖြစ်သည်ဟု (BWU) က ဆိုသည်။