ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်းအဝေး ချင်းမိုင်တွင် ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
၃၇ ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပနေသည်။
ထို အစည်းအဝေးကို ဇူလိုင်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ပြုလုပ်သွားဖြစ်ပြီး စစ်ကောင်စီတပ်က အမှတ် ၄ အထူးစစ်ဆင်ရေး အဖွဲ့မှူး ဒု – ဗိုလ်ချုပ်ကြီး ညွန့်ဝင်းရွှေ တက်ရောက်နေသည်။
ဤ အစည်းအဝေးတွင် နယ်စပ်မြစ်များ ညစ်ညမ်းမှု ဖြေရှင်းရေး လုပ်ငန်းစဉ် အဆိုပြုချက်ကို ထိုင်းဘက်က တင်ပြသွားမည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
Photo – CHIANG MAI NEWS