လိင်တူ ချစ်သူများ အခွင့်အရေးအပြည့်အဝ ရရှိရေးအတွက် ဥပဒေ ဟောင်ကောင်လွှတ်တော် ပယ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။
ဟောင်ကောင်ဥပဒေပြုလွှတ်တော်က နိုင်ငံခြားတွင် လက်ထပ်ထားသည့် လိင်တူချစ်သူစုံတွဲများကို တရားဝင် အခွင့်အရေး အချို့ပေးရန် ရည်ရွယ်သည့် ဥပဒေမူကြမ်း တစ်ခုကို ဗုဒ္ဓဟူးနေ့က ပယ်ချလိုက် သည်။
နိုင်ငံခြားတွင် လက်ထပ်ထားသည့် လိင်တူ ချစ်သူ စုံတွဲများကို ဆေးရုံ လူနာစောင့်ခွင့်ကဲ့သို့ အခွင့်အ ရေးများ ပေးရန်အစိုးရက တင်ပြထားသည့် ဥပဒေ မူကြမ်းကို ပယ်ချလိုက်ခြင်းဖြစ်သည်။
ဟောင်ကောင်၏ အမြင့်ဆုံး တရားရုံးက ၂၀၂၃ ခုနှစ်တွင် လိင်တူ ချစ်သူစုံတွဲများကို အပြည့်အဝ အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်အရ အစိုးရက ယခုမူကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေ မူကြမ်းကို ပီကင်းလိုလားသည့် အမတ်များနှင့် ဘာသာရေး အုပ်စုများက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
မဲခွဲ ဆုံးဖြတ်ရာတွင် လိင်တူ ချစ်သူများကို အခွင့်အရေး အပြည့်အဝ ပေးရေး ဥပဒေကြမ်းကို ထောက်ခံမဲ ၁၄ မဲ ကန့်ကွက်မဲ ၇၁ မဲနဲ့ ပယ်ချခဲ့ခြင်း ဖြစ်သည်။