ဆွီဒင်က ကမ္ဘာတစ်ဝှမ်း လူသားချင်းစာနာမှု အတွက် ဒေါ်လာ ၈ ၂ သန်း ကူမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
ဆွီဒင် အစိုးရက ကမ္ဘာတစ်ဝှမ်း အကြပ်အတည်းများအတွက် ဆွီဒင်ခရိုနာ ၇၇၅ သန်းကို အကူအညီ အသစ်အဖြစ် ပံ့ပိုးမည်ဟု စက်တင်ဘာလ ၂၉ ရက်နေ့က ကြေညာသည်။
အဆိုပါ ပမာဏသည် အမေရိကန် ဒေါ်လာ ၈၂ သန်း ကျော်ဖြစ်သည်။
ဦးစားပေး သတ်မှတ်ထားသည့် နိုင်ငံ ဆယ်နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။
ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အေဂျင်စီ (SIDA) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ မကုန်ခင်တွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာသည့် အကူအညီ အနေဖြင့် ဆွီဒင် ဒေါ်လာ ၂၃ သန်း (အမေရိကန် ဒေါ်လာ ၂ သန်းခွဲလောက်) ပေးအပ်သွားမည်ဟု ဆိုသည်။
ယူကရိန်း အတွက် ရံပုံငွေ လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် ပေးနေသည် အကူအညီများကို ၂၀၂၆ ခုနှစ် ဇွန်လကုန်တွင် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ဆွီဒင်နိုင်ငံက စက်တင်ဘာလ ၁၁ ရက်နေ့ကတော့ ထုတ်ပြန်ထားသည်။