မင်းသား ဗီဂျေး မဲဆွယ်ပွဲ လူပိ သေဆုံးသူ အများအပြားရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။ 

အိန္ဒိယ ရုပ်ရှင်တွေ ကြည့်တဲ့ပရိဿတ်တွေကတော့ ထိပ်တန်း မင်းသား ဗီဂျေး (Vijay) ကို သိကြမယ် ထင်ပါတယ်။ 

သူဟာ ဟိုးအရင် တခေတ်က မင်းသားကြီး အမီတာဘ် ဘာချန် လိုပဲ အိန္ဒိယမင်းသားတွေထဲမှာ နာမည်အကြီးဆုံး ဖြစ်ပြီး နိုင်ငံရေးထဲမှာ ပါဝင်လာတဲ့ မင်းသား ဖြစ်ပါတယ်။ 

တမီလ် ရုပ်ရှင်လောကရဲ့ အကျော်ကြားဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးလည်း ဖြစ်သလို အိန္ဒိယ နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသား ဖြစ်ပါတယ်။ 

သူဟာ တမီးလ်နာဒူး ပြည်နယ်မှာ နိုင်ငံရေး ပါတီ တစ်ခုကို ထူထောင်ထားပါတယ်။ TVK လို့ အတိုကောက်ခေါ်တဲ့ သူ့ပါတီအတွက် မကြာသေးခင်ကတော့ မဲဆွယ်တရားပွဲတွေ ကျင်းပနေခဲ့ပါတယ်။ 

ရုပ်ရှင်လုပ်ငန်းမှာ ပရိဿတ်အားကောင်းကောင်းရထားတဲ့ Vijay ဟာ သူ့ပရိဿတ်တွေကို သူ့ပါတီရဲ့ အမာခံတွေ အဖြစ်လည်း ပြောင်းလဲနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် စက်တင်ဘာလ နောက်ဆုံးအပတ်ထဲမှာ လုပ်ခဲ့တဲ့ သူ့ရဲ့ မဲဆွယ် တရားဟောပွဲမှာတော့ တက်ရောက်ကြတဲ့ လူတွေ များလွန်းလို့ လူတွေ ကြပ်သိပ်ပြီး သေဆုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ 

ထောင်နဲ့ သောင်းနဲ့ ချီတဲ့ပရိဿတ်တွေကြားမှာ လူညပ်ပြီး အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။ 

အဲဒီအဖြစ်အပျက် အပြီးမှာတော့ Vijay က သူ့ရဲ့ တရားပွဲတွေကို နှစ်ပတ် ရပ်နားထားမယ်လို့ ကြေညာထားခဲ့ပါတယ်။