ရုရှား၏ တစ္ဆေ သင်္ဘောကို ပြင်သစ် စီးနင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
ရုရှားနိုင်ငံရဲ့ ရေနံတွေ တင်ဆောင်ပေးနေသည်ဟု သံသယ ရှိသည့် တစ္ဆေသင်္ဘော တစ်စီးကို ပြင်သစ် ရေတပ်က ဝင်ရောက်စီးနင်းပြီး အဆင့်မြင့် သင်္ဘော အရာရှိ နှစ်ဦးကို ထိန်းသိမ်းလိုက်သည်။
ပြင်သစ် အထူးတပ်ဖွဲ့များက နိုင်ငံတကာ ရေပိုင်နက်ထဲတွင် ရုရှားပိုင်ရေနံတွေကို သယ်ပို့နေတယ်လို့ ယူဆရသည့် “တစ္ဆေသင်္ဘော”ကို စီးနင်းခဲ့ခြင်း ဖြစ်သည်။
မကြာသေးခင်က ဒိန်းမတ်နိုင်ငံအပေါ်တွင် ဖြစ်ပွားခဲ့သော ဒရုန်းပျံသန်းမှုတွင် အဆိုပါ သင်္ဘော ပါဝင်ပတ်သက်မှု ရှိသည်ဟု ပြင်သစ်က သံသယ ရှိနေပြီး အဆိုပါ သင်္ဘောသည် “ပြင်းထန်သည့် ရန်လိုမှု” များတွင် ပါဝင် ပါတ်သက်နေသည်ဟု ပြင်သစ် သမ္မတက ပြောသည်။
အဆိုပါ သင်္ဘောသည် ဒိန်းမတ်မှ စက်တင်ဘာ ၂၂ ရက်နှင့် ၂၅ ရက်ကြားတွင် ထွက်ခွာလာခြင်း ဖြစ်သည်ဟု သင်္ဘောစောင့်ကြည့်ရေး အချက်အလက်များကို ကိုးကားပြီး AFP သတင်းဌာနက ထုတ်ပြန်ထားသည်။
ဘီနင် Benin နိုင်ငံ အလံ လွှင့်ထူထားသည့် Boracay (ဘိုရာကေး) အမည်နှင့် သင်္ဘောကို ဥရောပ သမဂ္ဂက အမည်ပျက်စာရင်းတွင် ထည့်သွင်းထားခဲ့သည်။
အခုတော့ ပြင်သစ်ပိုင် Brest မြို့ ရှိ တရားရေး ဝန်ထမ်းများက ပြင်သစ်ရေတပ်၏ စွပ်စွဲချက်များအပေါ် အခြေခံ၍ ဖမ်းဆီးထားသော သင်္ဘောကို တရားစွဲဆိုနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။