ကမ္ဘာ့ ကုန်သွယ်ရေးမှာ ဗျူဟာမြောက် လက်နက် ဖြစ်လာတဲ့ ပဲပုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။ 

ပဲပုပ် ခေါ် ပဲပိစပ်ကို တရုတ်နိုင်ငံက ဆွေးနွေးညှိနှိုင်းရေး နည်းဗျူဟာ အဖြစ် အသုံးပြုနေသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်သည် 

တရုတ်-အမေရိကန် ကုန်သွယ်စစ်အတွင်း တရုတ်ကုန်သည်များက အမေရိကန်မှ ပဲပိစပ် ခေါ် ပဲပုပ် တင်သွင်းခြင်းကို ရပ်ဆိုင်းထားသည့်အတွက် အမေရိကန် လယ်သမားများမှာ ဒေါ်လာ ဘီလီယံနှင့်ချီပြီး ဆုံးရှုံးနေရသည်။ 

ပဲပိစပ်ကို အမေရိကန် လယ်သမားများက ဆောင်းဦး ရာသီတွင်  ရိတ်သိမ်သောကြောင့် ယခု အချိန်သည် အဓိက ရောင်းချသည့် ရာသီ ဖြစ်သည်။ 

ကမ္ဘာတွင် ပဲပိစပ်အများဆုံးတင်သွင်းသည့် တရုတ်က ယခုနှစ်တွင် အမေရိကန်မှ မဝယ်ပဲ တောင်အမေရိက ဈေးကွက်ဘက်သို့ လှည့်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တရုတ် သမ္မတ ရှီကျင့်ပင်နှင့် လာမည့် ရက်သတ္တပတ် ၄ ပတ် အကြာတွင် တွေ့ဆုံဖို့ ရှိနေရာ ထိုတွေ့ဆုံပွဲတွင် ပဲပိစပ် ကိစ္စသည် ဆွေးနွေးပွဲ၏ အဓိက ခေါင်းစဉ် ဖြစ်လာမည်ဟု ဆိုသည်။