စစ်အုပ်စု ခေါင်းဆောင် တရုတ်ပြည် သွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်။ 

မြန်မာ စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ နိုင်ငံတော် ခရီးစဉ်အဖြစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် တရုတ် သံရုံးက သတင်း ထုတ်ပြန်သည်။ 

ဦးမင်းအောင်လှိုင်သည် စစ်အုပ်စု အစိုးရသစ်၏ သမ္မတအဖြစ် တာဝန်ယူပြီး မကြာသေးမီက အိန္ဒိယ နိုင်ငံသို့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ သည်။