အမေရိကန် အစိုးရ ရပ်ဆိုင်းမှု သတင်းနှစ်ပတ် ရှိလာပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
ရပ်တန့်နေတဲ့ အမေရိကန် ပြည်ထောင်စု အစိုးရ ယန္တယား လည်ပတ်ရန် အတွက် အသုံးစားရိတ် အတည်ပြုနိုင်ရေး ဥပဒေကြမ်းများကို လွှတ်တော်တွင် မဲပေးခဲ့သော်လည်း လိုအပ်သည့် ထောက်ခံမဲ မရသေးပေ။
ယခု အကြိမ်သည် ၅ ကြိမ်မြောက် ဥပဒေမူကြမ်းကို အတည်ပြုရန် ၅ ကြိမ်မြောက် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ ၆ ရက် က အထက်လွှတ်တော် မဲပေးမှုတွင် အတိုက်အခံ ဒီမိုကရက်ပါတီက တင်သွင်းသည့် အစိုးရ အသုံးစားရိတ် အဆိုနှင့် သမ္မတ ဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကင် အမတ်များ တင်သွင်းသည့် အသုံးစားရိတ် အဆိုနှစ်ခုလုံးကို မဲပေးရာမှာ သတ်မှတ်မဲ မရရှိပဲ ဖြစ်ခဲ့သည်။
စုစုပေါင်း မဲ ကိုးဆယ်ကျော် ပေးသည့် အထဲတွင် အတည်ပြုရန် မဲ ၆၀ ရရန် လိုအပ်သော်လည်း အဆို နှစ်ခု စလုံးမှာ ၅၅ မဲပင် မရခဲ့ကြပေ။
အဓိက သဘောထားကွဲလွဲနေသည့် အချက်မှာ ဒီမိုကရက်များ လက်ထက်တွင် အတည်ပြုထားသည့် ဝင်ငွေနည်း အမေရိကန်များအတွက် ကျန်းမာရေးအာမခံ ထောက်ပံ့ငွေ ကိစ္စ ဖြစ်သည်။
သမ္မတ ထရန့်က “အလုပ်မဖြစ်ဘူး” ဟု ဆိုသော ထောက်ပံ့ငွေများကို ဖြတ်တောက်စေချင်ပြီး ဒီမိုကရက်များက ဝန်ငွေနည်း အမေရိကန်တွေအတွက် ထောက်ပံ့ငွေများကို မဖြတ်တောက်ရန် တင်းခံနေခြင်းလည်း ဖြစ်သည်။