ULA/AA မှ Fortify Rights အဖွဲ့၏ ထုတ်ပြန်ချက်ကို ‘ဘက်လိုက်မှု’ ဟု ပြင်းထန်စွာ ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
အာရက္ခတပ်တော် (ULA/AA) သည် ရခိုင်အရေးနှင့် ပတ်သက်၍ လူ့အခွင့်အရေး ဆိုင်ရာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော Fortify Rights အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက် ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့တွင် စာထုတ်ပြန်ခဲ့သည်။
ULA/AA က Fortify Rights ၏ လုပ်ဆောင်ချက်များသည် ဘက်လိုက်မှုများ ရှိနေပြီး၊ ရခိုင်ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကိုပါ ထိခိုက်စေနိုင်သည်ဟု စွပ်စွဲသည်။
Fortify Rights အဖွဲ့ကို ၎င်းတို့ ထောက်ခံအားပေးသည့် အကြမ်းဖက် အဖွဲ့အစည်းများကို ကူညီနေသည့် အဖွဲ့အစည်းများအား ဖော်ထုတ်ချေပနေသည့် အဖွဲ့အဖြစ် ULA/AA က တုံ့ပြန် စွပ်စွဲထားသည်။
ULA/AA နှင့် နီးစပ်သည့် နိုင်ငံရေး လေ့လာသူတစ်ဦးက “Fortify Rights ရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေပါတယ်ဆိုတဲ့ ရခိုင်ပြည်သူတွေကို အကာအကွယ် မပေးနိုင်ဘဲ အဲဒီရည်မှန်းချက်တွေကိုပါ ဆန့်ကျင်ဖျက်ဆီးနေတာ ဖြစ်တယ်” ဟု ဝေဖန်ပြောကြားသည်။
ထို့အပြင် ULA/AA က Fortify Rights အနေဖြင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား၊ ဘာသာရေးနှင့် ဒေသဆိုင်ရာ ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည် ဟုလည်း ပြစ်တင် ဝေဖန်ခဲ့သည်။
ထို့ကြောင့် ULA/AA က Fortify Rights အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ပြီး ရခိုင်ပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသည့် ဘက်လိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် အခိုင်အမာ တောင်းဆိုလိုက်သည်။