ဒေါ်နယ်ထရမ့် တရုတ်ခရီးစဉ် ရွှေ့ဆိုင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ သွားရောက်ရန် စီစဉ်ထားသည့် ပေကျင်းခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။ 

ဤခရီးစဉ်သည် သမ္မတ၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးသော တရုတ်ပြည်ခရီးစဉ်ဖြစ်ပြီး ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးအခွန်နှင့် နည်းပညာပစ္စည်း တင်ပို့မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် လျာထားခြင်းဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် ခရီးစဉ်အချိန်ဇယားအား ပြန်လည်ညှိနှိုင်းနေပြီး တရုတ်ဘက်ကလည်း လက်ခံထားကြောင်း ဆိုသော်လည်း၊ တရုတ်အာဏာပိုင်များက ဤရွှေ့ဆိုင်းမှုသည် ဟော်မုဇ်ရေလက်ကြားကိစ္စ အကူအညီတောင်းခံမှုနှင့် မသက်ဆိုင်ကြောင်း တုံ့ပြန်ထားသည်။

သမ္မတထရန့်က အဆိုပါခရီးစဉ်ကို နောက်ထပ် ၅ ပတ်မှ ၆ ပတ်ခန့်အကြာတွင် ပြန်လည်လုပ်ဆောင်သွားရန် မျှော်မှန်းထားသည်။