ပထမဆုံး အမျိုးသမီးဂိုဏ်းချုပ်ဆရာတော်ကြီး သိက္ခာတင် အခန်းအနားကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်။
အင်္ဂလန်သာသနာပြုအသင်း (Church of England) ၏ သမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီးဂိုဏ်းချုပ်ဆရာတော်ကြီး (Archbishop of Canterbury) အဖြစ် စာရာ မူလာလီ (Sarah Mullally) ၏ သိက္ခာတင်အခမ်းအနားကို မတ်လ ၂၅ ရက်နေ့က ကန်တာဘူရီ ကသီဒရယ်ဘုရားကျောင်း၌ ကျင်းပခဲ့သည်။
ထိုအခန်းအနားအပြီးတွင် စာရာမူလာလီသည် ကမ္ဘာတစ်ဝှမ်းက အင်္ဂလီကန် ဘာသာဝင် ၈၅ သန်း၏ ဝိဉာဉ်ရေးရာ ခေါင်းဆောင်သစ် ဖြစ်လာခဲ့သည်။
ယင်းသည် အင်္ဂလိကန် သာသနာ၏ သမိုင်းတစ်လျောက်တွင် ပထမဆုံး အမျိုးသမီး ဂိုဏ်ချုပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အဆိုပါ သိက္ခာတင်ပွဲ အခမ်းအနားသို့ ဗြိတိန်တော်ဝင်မိသားစုဝင်များနှင့် အစိုးရခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး၊ ဂိုဏ်းချုပ်ဆရာတော်ကြီးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ စစ်ဒဏ်သင့်ဒေသများတွင် ငြိမ်းချမ်းရေးရရှိစေရန် ဆုတောင်းပေးခဲ့သည်။
စာရာ မူလာလီအနေဖြင့် အသင်းတော်အတွင်း အမှန်တရားနှင့် တရားမျှတမှုတို့အပေါ် ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။